Together with Chongqing into Myanmar: 2026 Industry Dialogue with Consulate General in Chongqing သို့ မြန်မာကောင်စစ် ဝန်ချုပ် ပါဝင်တက်ရောက်ခဲ့ခြင်း

(၂၂-၅-၂၀၂၆ ရက်၊ ချုံချင့်မြို့)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့သည် ယွီကျုံးခရိုင် နိုင်ငံခြားရေးဌာနနှင့် ပူးပေါင်း၍ ၂၂-၅-၂၀၂၆ ရက် နေ့လယ် ၁၄:၃၀ နာရီတွင် ယွီကျုံးခရိုင် World Financial Centre (WFC)၌ Together with Chongqing into Myanmar: 2026 Industry Dialogue with Consulate General in Chongqing ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့်အတူ နေပြည် တော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးအောင်ဇေယျ ဦးဆောင် သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့၊ ပြည်ပရောက် တရုတ်နိုင်ငံသားများဆိုင်ရာ မြူနီ စီပယ်ဖက်ဒရေးရှင်း၏ ဒုတိယဥက္ကဋ္ဌနှင့် ချုံချင့် ယွီကျုံးခရိုင် ပြည်ပတရုတ် စီးပွားရေး မဟာ မိတ်အဖွဲ့၏ ဥက္ကဋ္ဌ မစ္စတာလီကျောက်၊ ယွီကျုံးခရိုင် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာဟီဂျွန်ရှန်း၊ ချုံချင့်နိုင်ငံခြားရေးဌာန အာရှရေးရာဌာနမှ ညွှန်ကြားရေးမှူး Ms. Li Lan၊ ယွီကျုံးခရိုင် နိုင်ငံခြားရေးဌာနမှ ညွှန်ကြားရေးမှူး Ms. Ren Haiyan နှင့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် ဒုတိယဥက္ကဋ္ဌနှင့် ချုံချင့် ယွီကျုံး ပြည်ပတရုတ်စီးပွားရေး မဟာမိတ် အဖွဲ့၏ ဥက္ကဋ္ဌ မစ္စတာလီကျောက်၊ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း၊ နေပြည်တော် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌ ဦးအောင်ဇေယျနှင့် ယွီကျုံးခရိုင် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ဟီဂျွန်ရှန်းတို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် မြန်မာနှင့် တရုတ် စီးပွားရေး လုပ်ငန်းရှင်များမှ အချင်းချင်း မိတ်ဆက်တွေ့ဆုံခဲ့ကြပြီး စီးပွားရေး ဆိုင်ရာဖလှယ်မှု များ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲသည် ချုံချင့်နှင့် မြန်မာလုပ်ငန်းရှင်များအကြား အပြန်အလှန် လုပ်ငန်း ဆိုင်ရာ ချိတ်ဆက်မှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်၊ ချုံချင့် ယွီကျုံးခရိုင်မှ စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ သွားရောက်ရင်းနှီး မြှုပ်နှံနိုင်စေရန်၊ မြန်မာစီးပွားရေးလုပ်ငန်းများ မြန်မာ့ထွက်ကုန်များ ချုံချင့်သို့ ဈေးကွက်ချဲ့ထွင်နိုင်စေရန်နှင့် စီးပွားရေးလုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်စေရန် လည်းကောင်း ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Myanmar Consul-General U Kyaw Zay Yar Lin attended the ” Together with Chongqing into Myanmar: 2026 Industry Dialogue with Consulate General in Chongqing”

(22 May 2026, Chongqing)

The Consulate General of the Republic of the Union of Myanmar in Chongqing, in cooperation with the Yuzhong District Foreign Affairs Office, jointly organized the “Together with Chongqing into Myanmar: 2026 Industry Dialogue with Consulate General in Chongqing” at the World Financial Centre (WFC) in Yuzhong District ,on 22 May 2026 at 14:30 hrs.
The event was attended by Myanmar Consul-General U Kyaw Zay Yar Lin, together with a delegation of Myanmar business representatives led by U Aung Zay Ya, Chairman of the Nay Pyi Taw Union of Chamber of Commerce and Industry (NCCI). Also in attendance were Mr. Li Zhao, Vice Chairman of the Municipal Federation of Returned Overseas Chinese and Chairman of the Chongqing Yuzhong Overseas Chinese Business Alliance; Mr. He Junxian, Deputy Director-General of the Yuzhong District People’s Congress Standing Committee; Ms. Li Lan, Director of the Asian Affairs Department of the Chongqing Foreign Affairs Office; Ms. Ren Haiyan, Director of the Yuzhong District Foreign Affairs Office; as well as officials, entrepreneurs, and business associations.
During the event, opening remarks were delivered respectively by Vice Chairman and Chairman of the Chongqing Yuzhong Overseas Chinese Business Alliance Mr. Li Zhao, Consul-General U Kyaw Zay Yar Lin, Chairman of the Nay Pyi Taw Union of Chamber of Commerce and Industry U Aung Zay Ya, and Deputy Director General of the Yuzhong District People’s Congress Standing Committee Mr. He Junxian. Following the opening session, Myanmar and Chinese entrepreneurs introduced themselves, exchanged views, and held business networking discussions.
The dialogue was organized with the aim of effectively promoting business linkages between Chongqing and Myanmar entrepreneurs, encouraging businesspersons from Yuzhong District of Chongqing to invest in Myanmar, enabling Myanmar businesses to expand market access for Myanmar products in Chongqing, and fostering closer cooperation between business communities from both sides.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map