Consul General U Kyaw Zay Yar Lin Attends the 2026 Cherry Blossom Viewing: Business Cooperation & Fortune Global 500 Dialogue with Hubei
(31-3-2026, Chongqing)
U Kyaw Zay Yar Lin, Consul General of the Republic of the Union of Myanmar in Chongqing, attended the “2026 Cherry Blossom Viewing: Business Cooperation & Fortune Global 500 Dialogue with Hubei”, held on 31 March 2026 at the East Lake International Conference Center in Wuhan City, Hubei Province.
The forum was organized by the Department of Commerce of Hubei Province. It aimed to foster friendship, discuss development-related issues, promote practical cooperation, and jointly advance the Belt and Road Initiative, thereby achieving mutually beneficial outcomes for all parties involved.
At the forum, opening remarks were delivered by Mr. Wang Zhonglin, Secretary of the CPC Hubei Provincial Committee and Chairman of the Standing Committee of the Hubei Provincial People’s Congress, and Mr. Yuan Xiaoming, Member of the CPC Leadership Group of the Ministry of Commerce and Assistant Minister.
Distinguished attendees included Mr. Luo Yonggang, Deputy Director of the Liaison Office of the Hong Kong Special Administrative Region; ambassadors, consuls general, and representatives from foreign embassies and consulates in China; representatives from international organizations and business associations; as well as domestic and international entrepreneurs.
**************************
ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၀၂၆ ခုနှစ်၊ ချယ်ရီပန်းပွဲတော်ကြည့်ရှုခြင်းနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်
(၃၁-၃-၂၀၂၆၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၃၁-၃-၂၀၂၆ ရက်တွင် ဟူပေပြည်နယ်၊ ဝူဟန်မြို့ရှိ အရှေ့ရေကန်နိုင်ငံတကာကွန်ဖရင့်စင်တာတွင် ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ချယ်ရီပန်းပွဲတော်ကြည့်ရှုခြင်းနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲကို ဟူပေပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန်၊ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကို အတူတကွတည်ဆောက်ကာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် အောင်မြင်မှုများဆီသို့ တက်လှမ်းရန်ဖြစ်ကြောင်း သိရှိရပါသည်။
ဆွေးနွေးပွဲတွင် ဟူပေပြည်နယ် CPC ကော်မတီအတွင်းရေးမှူးနှင့် ဟူပေပြည်နယ် ပြည်သူ့ ကွန်ဂရက်အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr. Wang Zhonglin နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန CPC ပါတီ ဦးဆောင်အဖွဲ့ဝင်နှင့် လက်ထောက်ဝန်ကြီး Mr. Yuan Xiaoming တို့မှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသ၊ ဆက်ဆံရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး Luo Yonggang၊ တရုတ်နိုင်ငံ အခြေစိုက် သံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများ၊ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေး အသင်းအဖွဲ့များ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ စီးပွားရေးငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



