ချုံချင့်မြို့မြန်မာကောင်စစ်ဝန်ချုပ်သည် ချုံချင့်မြူနီစီပယ်အစိုးရဌာနများနှင့် တွေ့ဆုံ၍ မြန်မာ −တရုတ်(ချုံချင့်) ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး (၅-၁၂-၂၀၂၄၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၅-၁၂-၂၀၂၄ ရက်၊ နေ့လယ်ပိုင်းတွင် ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Feng Zimin ဦးဆောင်သည့် ချုံချင့်မြူနီစီပယ်အစိုးရဌာနများ၏ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချုံချင့်မြို့၊ နိုင်ငံခြားရေးရာဌာန၌ တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရေးနှင့် ပိုမိုတိုးချဲ့ဆောင်ရွက် နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ အစည်းအဝေးတွင် ကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာသည့် ချုံချင့်မြူနီ စီပယ်အစိုးရ ဌာနဆိုင်ရာတာဝန်ရှိသူများမှ နှစ်ဖက်လက်ရှိ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ များနှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887