မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့က (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနား ကျင်းပခဲ့ခြင်း

(၂၇-၂-၂၀၂၆ ရက်၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၈) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ ညနေ ၁၈:၃၀ နာရီမှ ၂၀:၃၀ နာရီအထိ ချုံချင့်မြို့ရှိ InterContinental Hotel ၌ အောင် မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧည့်ခံပွဲအခမ်းအနားသို့ ချုံချင့်မြူနီစီပယ်မြို့ ဒုတိယမြို့တော်ဝန် Mr. Huang Maojun က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး၊ ချုံချင့်မြူနီစီပယ်အစိုးရ ဒုတိယအတွင်းရေးမှူး ချုပ် Mr.Gong Yue၊ ၊ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြား ရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Feng Zinmin၊ ချုံချင့်မြူနီစီပယ် စီးပွားရေးရာ ကော်မရှင် ဒုတိယညွှန်ကြား‌ရေးမှူးချုပ် Ms. Ye Lina ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ကော်မ ရှင်၊ ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စစ်ချွမ်း ပြည်နယ်နှင့် ဟူပေပြည်နယ် နိုင်ငံခြားရေးရာဌာနများနှင့် စီးပွားရေးကော်မရှင်မှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး ချုံချင့်ကောင်စီ (CCPIT Chongqing Council) နှင့် စစ်ချွမ်းကောင်စီ (CCPIT Sichuan Council) တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ် များနှင့် သံတမန်များ၊ ချုံချင့်မြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခများ၊ ချုံချင့်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် များ၊ ချုံချင့်မြို့တွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားအား နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် အလေးပြုဖွင့်လှစ်ခဲ့ပြီးနောက် ကောင်စစ် ဝန်ချုပ် ဦးကျော်ဇေယျာလင်းက (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ချုံချင့်မြူနီစီပယ်မြို့ ဒုတိယမြို့တော်ဝန် Mr. Huang Maojun က ဂုဏ်ပြုမိန့်ခွန်း ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကိတ်မုန့်ကို အဓိကဧည့်သည် တော်များနှင့်အတူ လှီးဖြတ်ခဲ့ကြပါသည်။ ထို့နောက် ချုံချင့်တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသားကျောင်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှု‌ဖျော်ဖြေရေး အစီအစဉ်များဖြင့် လည်းကောင်း၊ စီချွမ်းနိုင်ငံခြားဘာသာ တက္ကသိုလ်တွင် မြန်မာစာမေဂျာ တရုတ်ကျောင်းသား ကျောင်းသူများက တေးသီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် အုန်းနို့ခေါက်ဆွဲ၊ မြန်မာထမင်းကြော်၊ လက်ဖက်သုပ်၊ မြန်မာဘီယာ၊ မြန်မာလက်ဖက်ရည် အပါ အဝင် အခြားစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့အနေဖြင့် ဧည့်ခံပွဲအခမ်းအနားတွင် မြန်မာ့ယဉ်ကျေးမှု အနုပညာပစ္စည်းများ၊ ယွန်းထည် များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) မှ ပံ့ပိုးပေးသည့် MSME ထုတ်ကုန်ပစ္စည်းများ၊ မြန်မာ့ပုလဲနှင့် ကျောက်စိမ်းလက်ဝတ်ရတနာများအား မိတ်ဆက်ပြသ ခဲ့ကြောင်း သိရှိရပါသည်။

**************************

The Consulate-General of the Republic of the Union of Myanmar in Chongqing Successfully Hosts the 78th Anniversary of Independence Day Commemorative Reception

(27 February 2026, Chongqing)

The Consulate-General of the Republic of the Union of Myanmar in Chongqing successfully hosted a reception in commemoration of the 78th Anniversary of the Independence Day of the Republic of the Union of Myanmar on 27 February 2026, from 18:30 to 20:30 hrs, at the InterContinental Hotel in Chongqing.
The event was graced by Mr. Huang Maojun, Vice Mayor of Chongqing Municipality, as the Guest of Honour. Also in attendance were Mr. Gong Yue, Deputy Secretary-General of the Chongqing Municipal People’s Government; Mr. Feng Zinmin, Deputy Director-General of the Foreign Affairs Office of Chongqing Municipality; Ms. Ye Lina, Deputy Director-General of the Chongqing Municipal Commission of Commerce; Deputy Directors-General from the Municipal Commission of Culture and Tourism and the Port and Logistics Office; officials from the Foreign Affairs Offices and Economic Commissions of Sichuan and Hubei Provinces; Vice Chairpersons from the China Council for the Promotion of International Trade Chongqing Council and the China Council for the Promotion of International Trade Sichuan Council; Consuls-General and diplomats from consular missions based in Chongqing and Chengdu; professors from universities in Chongqing; business representatives; Myanmar students studying in Chongqing; and invited guests, totaling approximately 250 attendees.
The ceremony commenced with the national anthems of the Republic of Myanmar and the People’s Republic of China, followed by a flag salute to honour both nations. U Kyaw Zay Yar Lin, Consul-General of Myanmar in Chongqing, delivered a commemorative address marking the 78th Anniversary of Independence Day. This was followed by congratulatory remarks from Vice Mayor Mr. Huang Maojun. The Guest of Honour, Consul -General and distinguished guests then jointly cut the ceremonial cake to mark the occasion.
Cultural performances were presented by Myanmar students studying at universities in Chongqing, who showcased traditional Myanmar dances and performances. In addition, Chinese students majoring in the Myanmar language at Sichuan International Studies University performed songs in celebration of the event.
Guests were treated to a variety of traditional Myanmar delicacies, including coconut noodle soup (Ohn No Khao Swe), Myanmar fried rice, tea leaf salad (Lahpet Thoke), Myanmar beer, and Myanmar tea, among other refreshments.
Furthermore, the Consulate-General arranged exhibition booths displaying Myanmar traditional arts and crafts, lacquerware, MSME products supported by the Myanmar Women Entrepreneurs Network (MYANWEN), as well as Myanmar pearls and jade jewelry, thereby promoting Myanmar’s cultural heritage and business sector to the distinguished guests in attendance.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map