ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ကြိုတင်ဆန္ဒမဲလက်မှတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည် လွှဲပြောင်းပေးအပ်

(၂၂-၁၂-၂၀၂၅ ရက်၊ နေပြည်တော်)

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာ နိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရန် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၅၀)ရုံးတို့တွင် သတ်မှတ်ရက်များအလိုက် မဲရုံများဖွင့်လှစ်၍ ကြိုတင် ဆန္ဒမဲပေးခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံး အသီးသီးတို့မှ ပြန်လည်ပေးပို့လာသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲလက်မှတ်များအား ၁၈-၁၂-၂၀၂၅ ရက် (ကြာသပတေးနေ့)တွင် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရှိရပါသည်။

******************

The Ministry of Foreign Affairs handovers the advance voting ballots of Myanmar citizens living abroad to the Union Election Commission

(22-12-2025, Nay Pyi Taw)

For the 2025 Multiparty Democracy General Election, arrangements for advance voting by Myanmar citizens residing abroad were carried out, with polling stations opened on designated dates at (50) Myanmar Embassies, Myanmar Permanent Missions, and Myanmar Consulates-General.
The advance voting ballots of Myanmar citizens abroad, which were returned from the Myanmar Embassies, Myanmar Permanent Missions, and the Myanmar Consulate General, were handed over to the Union Election Commission by the Ministry of Foreign Affairs on 18-12-2025 (Thursday).

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map