ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂-၁၂-၂၀၂၅ ရက်တွင် ချုံချင့်မြူနီစီပယ်မြို့၊ ပေပေ့ခရိုင်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲသို တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲကို ချုံချင့်မြူနီစီပယ် စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် ပေပေ့ခရိုင်ပြည်သူ့အစိုးရတို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ခရိုင်နှင့် ကောင်တီအစိုးရဌာန များနှင့် နိုင်ငံခြားကောင်စစ်ဝန်ချုပ်ရုံးများအကြား ဆက်သွယ်ရေးစင်္ကြံတစ်ခုကို ထူထောင်ရန်၊ နိုင်ငံခြားနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းအသစ်များကို ဖန်တီးနိုင်ရန်နှင့် နှစ်ဖက်အကြား အပြန်အလှန် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်စေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ဆွေးနွေးပွဲသို့ ချုံချင့်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ye Lina၊ ချုံချင့် နိုင်ငံခြားကုန်သွယ်မှု မြှင့်တင်ရေးစင်တာမှ Mr. Wang Shu Feng၊ ပေ့ပေ့ ခရိုင် ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန် Mr. Yang Hui၊ ချုံချင့်မြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ် ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံရပ်ခြားနှင့် ဆက်နွယ်သည့် စီးပွားရေး အသင်းအဖွဲ့များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။
မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်လျက်ရှိ သည့် အခြေအနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနေမှု အခြေအနေ များ၊ မြန်မာနှင့် ချုံချင့်အကြား ကုန်သွယ်ရေး၊ စက်မှုလက်မှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
**********************
Consul General U Kyaw Zay Yar Lin Attends the Economic and Trade Cooperation Symposium
(4-12- 2025, Chongqing)
U Kyaw Zay Yar Lin, Consul General of the Republic of the Union of Myanmar in Chongqing, attended the Economic and Trade Cooperation Symposium held on 2 December 2025 at the Economic and Trade Department of Bei Bei District, Chongqing Municipality.
The symposium was jointly organized by the Commerce Department of Chongqing Municipality and the People’s Government of Bei Bei District. It aimed to establish a communication platform between district and county-level government departments and foreign consulates, create new opportunities for cooperation in foreign-related economic activities and foreign investment projects, and promote mutual development between the two sides.
The meeting was attended by Ms. Ye LiNa, Deputy Director General of the Chongqing Commission of Commerce, Mr. Wang Shu Feng, Director of Chongqing Foreign Investment Promotion Center, Mr. Yang Hui, Vice Mayor of Bei Bei District People Government, consul generals and representatives from consulates general based in Chongqing, and representatives from foreign -related business associations and foreign- invested enterprises.
During the symposium, Myanmar Consul General U Kyaw Zay Yar Lin discussed the current state of cooperation between Myanmar and China, the ongoing efforts to invite and attract foreign investors, the opportunities being created for foreign investment, as well as ways to further enhance trade, industrial, and technological cooperation between Myanmar and Chongqing.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



