နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အာဆီယံ-တရုတ် ရက်သတ္တပတ် (၂၀၂၅) သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ
(၁၅-၁၁-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ-တရုတ်စင်တာအတွင်းရေးမှူးချုပ် မစ္စတာရှီကျုံးကျွင့်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူးကျန့်ပြည်နယ်၊ ဖူကျိုးမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် အာဆီယံ-တရုတ် ရက်သတ္တပတ် (၂၀၂၅) သို့ တက်ရောက်ရန် ၁၅-၁၁-၂၀၂၅ ရက်တွင် တရုတ် နိုင်ငံသို့ ထွက်ခွာသွားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာရှိကြီးများ လိုက်ပါ သွားကြပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ်-အာဆီယံ ရက်သတ္တပတ် (၂၀၂၅) ဖွင့်ပွဲအခမ်းအနား၊ အဆင့်မြင့်ဆွေးနွေးပွဲများနှင့် အခြားဆက်စပ် အခမ်းအနားများသို့လည်း တက်ရောက်သွားမည်ဖြစ်ပါသည်။
Union Minister for Ministry (2) of the President’s Office leaves for China to attend “ASEAN-China Week 2025”
(15-11-2025, Nay Pyi Taw)
At the invitation of Secretary General of the ASEAN-China Centre Mr. Shi Zhongjun, a delegation led by U Ko Ko Hlaing, Union Minister for Ministry (2) of the President’s Office left for Fujian Province, China on 15 November 2025 to attend the ASEAN-China Week 2025. Together with the Union Minister were Deputy Minister for Foreign Affairs U Naing Min Kyaw and senior officials from different Ministries. The Delegation will be attending the Opening Ceremony of the ASEAN-China Week 2025, High-Level Thematic Dialogue, and other related side events.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



