ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အကြီးအကဲ Mr. Justin Brady အား လက်ခံတွေ့ဆုံ
(၅-၁၁-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Brady အား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ ၁၅:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် အကူအညီလိုအပ်သည့် ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရေးနှင့် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများ အကြား လူသားချင်းစာနာမှု အကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြေကြာင်း သိရှိရပါသည်။
*****************
U Than Swe, Union Minister for Foreign Affairs receivesMr. Justin Brady, Head of Office of the United Nations Office for the Coordination of Humanitarian Affairs
(5-11-2025,Nay Pyi Taw)
U Than Swe, Union Minister for Foreign Affairs received Mr. Justin Brady, Head of Office of the United Nations Office for the Coordination of Humanitarian Affairs (UNOCHA) in Myanmar, at 15:00 hrs on 5 November 2025, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to the facilitation for the provision of humanitarian assistance to the needy people and ways and means for cooperation between the Government of Myanmar and United Nations agencies in the field of humanitarian assistance.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



