မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်သည့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက စိန်နားပန်မီးပုံးပျံဖြင့် လွှတ်တင်ပူဇော်ကာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်း၌ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကျင်းပပြုလုပ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲတွင် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ညအခါသမယ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဝန်ထမ်းအကြီးအမှူးများ နှင့်ဝန်ထမ်းများက နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြုလျက် စိန်နားပန်မီးပုံးပျံဖြင့် လွှတ်တင် ပူဇော်ကာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ လွှတ်တင်ပူဇော်သည့် စိန်နားပန်မီးပုံးပျံတွင် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ အင်္ဂလိပ်အမည် Ministry of Foreign Affairs ၏အတိုကောက် “MOFA” ဟူသော စာသားနှင့် သားကောင်းတမန်တို့၏စွမ်းအားသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွက် အားမန်တစ်ရပ်ဖြစ်သည်ဟု ဖော်ညွှန်းထားသည့် “သားကောင်းတမန် ပြည့်အားမာန်” ဟူသော စာသားများအား ထည့်သွင်းပုံဖော်ထားပြီး၊ ငြိမ်းချမ်းရေး၊ နူးညံ့သိမ်မွေ့မှုနှင့် မေတ္တာ တရား၏ သင်္ကေတအဖြစ် ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုထားသည့် ချိုးငှက်ကိုလည်း မီးပုံးပျံ၏ အပေါ်ဘက်တွင် ထည့်သွင်းပုံဖော်ထားပါသည်။
မီးပုံးပျံ၏အောက်ဘက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနအား ကိုယ်စားပြုသည့် လောကနာထ ဟူသော ပါဠိသက္ကတဘာသာမှ ဆင်းသက်လာသည့် လောကကိုအစိုးရသော လောကနတ် သားအား ဖော်ကျူးပုံဖော်လျက်ချိတ်ဆွဲထားရှိပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်စဉ် ဝန်ထမ်းများက “သားကောင်းတမန်” နှင့် “စေရာ” သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အကတစ်ခုဖြစ်သည့် ဦးရွှေရိုးနှင့်ဒေါ်မိုးအကကို အိုးစည်ဒိုးပတ်ဝိုင်းဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် သီဆို ကပြဖျော်ဖြေခြင်း၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ဖော်ကျူးသီဖွဲ့ထားသည့် “မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်” သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေယှဉ်ပြိုင်ခဲ့ကြပါသည်။ ထို့အပြင် ဝန်ထမ်းများက တန်ဆောင်တိုင်ပွဲတော်အတွင်း ရောင်စုံမီးပုံးပျံအသေးအလုံး (၁၀၀) ကိုလည်း လွှတ်တင်ပူဇော်ခဲ့ကြပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map