မြန်မာ-ချုံချင့် စီးပွားရေးမိတ်ဖက်တွေ့ဆုံပွဲနှင့် မြန်မာ့ SME ထုတ်ကုန်ပြပွဲ (ချုံချင့်)တို့သို့ မြန်မာကောင်စစ်ဝန်ချုပ်ပါဝင်တက်ရောက်
(၁၈-၉-၂၀၂၅ ရက်၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့သည် ၁၈-၉-၂၀၂၅ ရက် နံနက်ပိုင်းတွင် မြန်မာ-ချုံချင့် စီးပွားရေးမိတ်ဖက်တွေ့ဆုံပွဲကို ချုံချင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီနှင့်အတူ စီစဉ်ကျင်းပခဲ့ပြီး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဦးကျော်ဇေယျာလင်းနှင့်အတူ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) မှ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန် ဦးဆောင်သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် (၂၀) ဦး ၊ တရုတ်ဘက်မှ ချုံချင့် တရုတ် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ Mr. Yang Xuchao နှင့် တာဝန်ရှိသူများ၊ ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံ နှင့် စီးပွားရေးပူးပေါင်းလိုသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ စီးပွားရေးမိတ်ဖက်တွေ့ဆုံပွဲတွင် ချုံချင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Mr. Yang Xuchao ၊ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်မှ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန် တို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် မြန်မာနှင့် တရုတ် စီးပွားရေးလုပ်ငန်းရှင်များမှ အချင်းချင်းမိတ်ဆက်တွေ့ဆုံခဲ့ကြပြီး စီးပွားရေးဆိုင်ရာ ဖလှယ်မှုများ ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် ကောင်စစ်ဝန်ချုပ်သည် ၁၈-၉-၂၀၂၅ ရက် နေ့လည်ပိုင်းတွင် ချုံချင့်ရှိ World Financial Center (WFC) ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)၊ ယွီကျုံးခရိုင် နိုင်ငံခြားရေးဌာနနှင့် ချုံချင့် တရုတ်အပြည် ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီတို့မှ ပူးပေါင်းစီစဉ် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ SME ထုတ်ကုန်ပြပွဲ (ချုံချင့်) သို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ မြန်မာ့ထုတ်ကုန်ပြပွဲတွင် မြန်မာနိုင်ငံတွင် ထုတ်လုပ်ထားသည့် အရည်အသွေးမြင့် မြန်မာ့စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့် မြန်မာ့လက်မှုထုတ်ကုန်များကို ခင်းကျင်း ပြသခဲ့ပြီး ချုံချင့်မြူနီစီပယ်အစိုးရဌာနများမှ တာဝန်ရှိသူများ၊ ချုံချင့်မြို့အခြေစိုက် ကောင်စစ်ဝန် ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အခြားစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Consul General attends the Myanmar–Chongqing Business Matchmaking and the Myanmar SME Products Exhibition
(18-9-2025, Chongqing)
The Consulate General of the Republic of the Union of Myanmar in Chongqing organized the Myanmar–Chongqing Business Matchmaking event on the morning of 18 September 2025, in collaboration with the China Council for Promotion of International Trade (Chongqing).
The event was attended by U Kyaw Zay Yar Lin, Consul General, (20) Myanmar women entrepreneurs led by Dr. Su Hla Han, President of the Myanmar Women Entrepreneurs Network (MYANWEN), as well as Mr. Yang Xuchao, Vice Chairperson of the CCPIT Chongqing, responsible officials, Chongqing entrepreneurs, business associations, and individuals interested in doing business with Myanmar.
At the event, Mr. Yang Xuchao, Vice Chairperson of the CCPIT Chongqing, Consul General U Kyaw Zay Yar Lin, and Dr. Su Hla Han, President of MYANWEN delivered the opening remarks. Afterwards, Myanmar and Chinese entrepreneurs introduced themselves and engaged in business exchanges.
In the afternoon, the Consul General attended the Myanmar SME Products Exhibition (Chongqing) at the World Financial Center (WFC) in Chongqing, organized by the Consulate General of Myanmar in Chongqing in collaboration with MYANWEN, the Yuzhong District Foreign Affairs Office, and CCPIT Chongqing.
The Exhibition showcased high-quality Myanmar food products, consumer goods, and handicrafts, and was attended by officials from Chongqing Municipal Government departments, consul generals and representatives from consulates based in Chongqing, representatives from business associations, and other interested parties.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



