ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့၊ ချင်းပိုင်ချန်း ခရိုင် ဒုတိယမြို့တော်ဝန်နှင့် တွေ့ဆုံခဲ့ခြင်း

(၁၄-၈-၂၀၂၅ ရက်၊ ချန်ဒူး)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ရှိ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် စီချွမ်း ပြည်နယ်၊ ချန်ဒူးမြို့၊ ချင်းပိုင်ချန်းခရိုင် ဒုတိယမြို့တော်ဝန် Ms. Dou Chuan အား ၁၄-၈-၂၀၂၅ ရက်တွင် တရုတ် (ချန်ဒူး) Pilot Free Trade Zone ရှိ ချင်းပိုင်ချန်း International Railway Port တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မန္တလေး-ချန်ဒူး ကုန်တင်ရထားလမ်းကြောင်း ပြန်လည် ပြေးဆွဲနိုင်ရေးကိစ္စ၊ အဆိုပါလမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံ ထွက်ကုန်များကို စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့ သာမက တရုတ်နိုင်ငံတွင်းသို့ တင်သွင်း ဖြန့်ဖြူးရောင်းချနိုင်ရေးကိစ္စ၊ ချင်းပိုင်ချန်း ကုန်သွယ် ရေးဇုန်တွင် မြန်မာပြခန်းအား ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အဆိုပါ မြန်မာပြခန်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံအနှံ အပြားနှင့် ဥရောပနိုင်ငံများအထိ မိတ်ဆက်တင်ပို့ ဖြန့်ဖြူးရောင်းချနိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ကောင်စစ်ဝန်ချုပ်သည် Free Trade Zone အတွင်းရှိ အာရှ-ချန်ဒူး-ဥရောပနိုင်ငံ အလိုက် လူသုံးကုန်ပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး မြန်မာပြခန်း ဖွင့်လှစ်ရန် ပြင်ဆင်နေမှု အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
Chengdu International Railway Port သည် တရုတ်အနောက်ပိုင်း ကုန်းလမ်းနှင့် ပင်လယ် လမ်းကြောင်း ပေါင်းစပ်ထားသည့် ကုန်သွယ်ရေး စင်္ကြံတစ်ခုဖြစ်ပြီး၊ တရုတ်-ဥရောပ ရထား လမ်း၊ တရုတ်-လာအို ရထားလမ်း၊ တရုတ်-ဗီယက်နမ်ရထားလမ်း စသည့် လမ်းကြောင်း များ ပေါင်းစုံရာနေရာဖြစ်ပြီး လွတ်လပ်သော ကုန်သွယ်မှုဇုန်၊ ဘက်စုံ အကောက်ခွန် ကင်းလွတ် သောဇုန်၊ နိုင်ငံတော်အမျိုးသားစီးပွားရေးဇုန်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်အဖြစ် သတ်မှတ်ထားပါသည်။ ၎င်းကို ပထမဆုံး နိုင်ငံတော် ကုန်းတွင်းဆိပ်ကမ်းအမျိုးအစား ထောက်ပံ့ ပို့ဆောင်ရေးအချက်အချာနှင့် တရုတ်-ဥရောပ မီးရထားစင်တာအဖြစ် ရွေးချယ် ထားကြောင်း သိရှိရပါသည်။

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map