သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းသားစုံညီ မိတ်ဆုံ ညစာစားပွဲ ကျင်းပခဲ့ခြင်းနှင့် ရန်ကုန်တန်းခွဲမှ သင်တန်းသား/သင်တန်းသူများ Naypyitaw State Academy သို့ လေ့လာရေး သွားရောက်ခဲ့ခြင်း
(၂၈-၇-၂၀၂၅၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၌ မြန်မာသံတမန်သင်တန်းကျောင်း(Myanmar Diplomatic Academy) တည်ထောင်ဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်ရန် သံတမန်ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်း (Diploma in Diplomacy-DID) (၁/၂၀၂၅)၏ ရန်ကုန်တန်းခွဲမှ သင်တန်းသား/ သင်တန်းသူ (၄၁) ဦးတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၇-၂၈ ရက်များတွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။
သံတမန်ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်း (၁/၂၀၂၅) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲ မှ သင်တန်းသား/ သင်တန်းသူများ၏ သင်တန်းသားစုံညီ မိတ်ဆုံ ညစာစားပွဲကို အမရာ ဟိုတယ် (နေပြည်တော်)တွင် ၂၇-၇-၂၀၂၅ ရက်၊ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဒုတိယဝန်ကြီးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
၂၈−၇−၂၀၂၅ ရက် (တနင်္လာနေ့)၊ နံနက်ပိုင်းတွင် သင်တန်းသား/သင်တန်းသူများသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် မြန်မာသံတမန်သင်တန်း ကျောင်း တည်ထောင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီးနောက် ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၏ “မြန်မာနိုင်ငံ၏ နိုင်ငံခြား ရေး မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် သင်ခန်းစာပို့ချမှုအား တက်ရောက်ခဲ့ကြသည်။
ထို့နောက် သံတမန်ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်း(၁/၂၀၂၅)၏ ရန်ကုန်တန်းခွဲမှ သင်တန်းသား/သင်တန်းသူများသည် မြန်မာသံတမန်သင်တန်းကျောင်းနှင့် တရားဝင် တွဲဖက်(Affiliate) ပြုလုပ်ထားသည့် Naypyitaw State Academy သို့ သွားရောက်လေ့လာခဲ့ ရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာနုနုလွင်နှင့် ပါမောက္ခ/ဌာနမှူးများက ကြိုဆိုခဲ့ကြပြီး ခေတ္တပါမောက္ခချုပ်က NSA နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းသား/ သင်တန်းသူများသည် Naypyitaw State Academy ပရဝဏ်အတွင်း လှည့်လည်လေ့လာခဲ့ ကြသည်။
Diploma in Diplomacy (DID 1/2025) Fellowship Dinner and Yangon Cohort’s Study Tour to Naypyitaw State Academy
(28-7-2025, Nay Pyi Taw)
A total of 41 trainees from the Yangon cohort of the Diploma in Diplomacy (DID 1/2025) joined events marking the establishment of the Myanmar Diplomatic Academy in Nay Pyi Taw from 27 to 28 July 2025.
The trainees from both Nay Pyi Taw and Yangon cohorts of DID 1/2025 gathered at Amara Hotel in Nay Pyi Taw for a fellowship dinner on 27 July 2025. The Deputy Foreign Minister U Ko Ko Kyaw, accompanied by officials of the Ministry of Foreign Affairs, joined the reception and delivered a cordial welcome address to the participants.
On 28 July, the trainees participated in the inauguration ceremony of the Myanmar Diplomatic Academy (MDA) at the Ministry of Foreign Affairs. Following the ceremony, they attended a lecture by Deputy Prime Minister and Union Minister for Foreign Affairs U Than Swe, titled “Implementation of Myanmar’s Foreign Policy.”
Later that day, the Yangon cohort of the Diploma in Diplomacy (DID 1/2025) visited Naypyitaw State Academy, an institution officially affiliated with the Myanmar Diplomatic Academy. Upon arrival, the trainees were warmly welcomed by Acting Rector Dr. Nu Nu Lwin, along with faculty members and department heads. The Acting Rector provided an informative overview of the Academy’s mission and academic offerings. Afterwards, the trainees participated in a guided tour of the campus facilities.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



