ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း

(၂၅-၆-၂၀၂၅ ရက်၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၅-၆-၂၀၂၅ တွင် ချုံချင့်မြူနီစီပယ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာ ထုတ် ကုန်များ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါ သည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီ(ချုံချင့်)နှင့် ချုံချင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များအုပ်စုမှ ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲကို “ကမ္ဘာကြီးကို ချိတ်ဆက်ပေးသော စိမ်းလန်း သော စိုက်ပျိုးရေး” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတစ် လျှောက် နိုင်ငံများနှင့် လယ်ယာထွက်ကုန်များ အပြန်အလှန် တင်ပို့/တင်သွင်းမှုအတွက် ချုံချင့်မြို့တွင် စင်္ကြံတစ်ခုထူထောင်ရန်၊ ချုံချင့်မြို့နှင့်အနီးတစ်ဝိုက် ဈေးကွက်များသို့ မြန်မာ အပါအဝင် နိုင်ငံရပ်ခြားမှ အထူးစိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်တင်သွင်းရန်နှင့် ချုံချင့်မြို့ ၏ စိုက်ပျိုးရေးထွက်ကုန် စျေးကွက်မြှင့်တင်ရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါ သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီ(ချုံချင့်)၏ ဒုတိယဥက္ကဋ္ဌ Mr. Zhang Haiqing နှင့် ချုံချင့်မြူနီစီပယ်အစိုးရ တာဝန်ရှိ သူများ၊ ချုံချင့်မြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စား လှယ်များ၊ စိုက်ပျိုးရေးဆိုင်ရာ ကုမ္ပဏီများ၊ စီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ယင်းစကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက မြန်မာ နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် အထူးအခွင့်အရေးများ ပံ့ပိုးပေးမှုအခြေအနေ၊ မြန်မာနှင့် ချုံချင့် အကြား စိုက်ပျိုး ရေးဆိုင်ရာ ထုတ်ကုန်များ အပြန်အလှန် တင်ပို့/တင်သွင်းနိုင်မှု အခြေအနေ၊ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ ချုံချင့်မြို့၏ စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူများ မြန်မာနိုင်ငံသို့ စေလွှတ်နိုင်ရေးနှင့် ချုံချင့်၏ နည်းပညာဖြင့် မြန်မာ့စိုက်ပျိုး ရေး ထွက်ကုန်များ အရည်အသွေးမြှင့်တင်နိုင်မှု အခြေအနေစသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

*******************

Myanmar Consul-General in Chongqing attended the International Agricultural Products Trade Cooperation Roundtable Meeting

(25-6-2025, Chongqing)

Consul General of the Consulate General of the Republic of the Union of Myanmar in Chongqing, U Kyaw Zay Yar Lin attended the International Agricultural Products Trade Cooperation Roundtable Meeting held on 25-6-2025 in Chongqing.
The meeting was organized by the China Council for the Promotion of International Trade (Chongqing) and the Chongqing Agricultural Products Group. The dialogue was held under the theme of “Green Agriculture Connecting the World” and aimed to establish a platform for Chongqing to engage in agricultural product import and export trade with countries along the Belt and Road Initiative, promote increased imports of foreign countries including Myanmar’s specialty agricultural products into Chongqing and surrounding markets, and enrich Chongqing’s agricultural product market.
The meeting was attended by Mr. Zhang Haiqing, Vice Chairman of the China Council for the Promotion of International Trade (Chongqing), officials from the Chongqing Municipal Government, consul generals and representatives from consulates general based in Chongqing, and representatives from agricultural companies and business associations.
During the meeting, Consul General U Kyaw Zay Yar Lin discussed the status of Myanmar’s agricultural sector promotion, the provision of special privileges to foreign investors in Myanmar, the status of mutual export/import of agricultural products between Myanmar and Chongqing, to promote the agricultural cooperation between Myanmar and Chongqing, to send the Chongqing’s agricultural experts to Myanmar, and to improve the quality of Myanmar’s agricultural products with Chongqing’s hi-technology.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map