မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့် ပုဂ္ဂလိက စီးပွားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကုန်သည်များအသင်းနှင့် တွေ့ဆုံခဲ့ခြင်း
(၁၇-၉-၂၀၂၆ ရက်၊ ချုံချင့်မြို့)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်ပုဂ္ဂလိက စီးပွားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကုန်သည်များအသင်းမှ ဒုတိယအတွင်းရေးမှူး Mr. Li Yadong ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကုန်သည်များ အသင်းမှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော Ms. Liu Hongbo နှင့် Ms. Zhao Jiayin တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ချုံချင့်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ လက်ခံတွေ့ဆုံ၍ ချုံချင့်နှင့် မြန်မာ နိုင်ငံတို့အကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကုန်သည်များအသင်း ဘက်မှ အသင်း၏ လက်ရှိဖွဲ့စည်းပုံ၊ ပင်လယ်ရပ်ခြား ကိုယ်စားလှယ်ရုံးများနှင့် ဝန်ဆောင်မှုစင်တာ များအကြောင်း မိတ်ဆက်ခဲ့ပါသည်။ ထို့အပြင် ၂၀၂၇ ခုနှစ် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ ချိတ်ဆက်ရန်နှင့် အသင်း၏ နှစ်ပတ်လည် အစည်းအဝေးသို့ ကောင်စစ်ဝန်ချုပ်ရုံးအား တက်ရောက် ရန် ဖိတ်ကြားခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် စီးပွားရေးနှင့် ပညာရေးဆိုင်ရာ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ၊ မူဝါဒများနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ဝက်ဘ်ဆိုဒ်များ မှတစ်ဆင့် တရားဝင် သတင်းအချက် အလက်များ ရယူနိုင်ပါကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကုန်သည်များအသင်း မှ အဖွဲ့ဝင်များနှင့် ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ သွားရောက်လေ့လာရန်နှင့် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိပါက မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် လိုအပ်သည်များ ကူညီဆောင် ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြပြီး နှစ်ဖက်စလုံးမှ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ အပြန်အလှန် လည်ပတ်ရေးတို့တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



