ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံဥက္ကဋ္ဌ မလေးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူ ငလျင်ဘေး ကယ်ဆယ်ထူထောင်ရေးဆောင်ရွက်နေကြသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ အာဟစင်တာမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ (၅-၄-၂၀၂၅ရက်၊ နေပြည်တော်)

(၅-၄-၂၀၂၅ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အာဆီယံဥက္ကဋ္ဌ မလေးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့် အတူ ငလျင်ဘေး ကယ်ဆယ်ထူထောင်ရေးဆောင်ရွက်နေကြသည့် အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ အာဟစင်တာမှ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် ၅-၄-၂၀၂၅ ရက်၊ (၁၄၀၀) နာရီတွင် နေပြည်တော် Jasmine Hotel ၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် အာဟစင်တာ အမှုဆောင်ညွှန်ကြားရေးမှူး၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ငလျင်ဘေးတွေ့ကြုံပြီး (၉)ရက်မြောက်နေ့အထိ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ လိုအပ်ချက်များ၊ ပြန်လည်ရေးထူထောင်ရေးအဆင့်တွင် လိုအပ်လာမည့် ကျန်းမာရေးဆိုင်ရာ၊ ရေ၊ မီး စသည့် အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များကို တင်ပြခဲ့ကြပါသည်။
အဆိုပါတင်ပြချက်များအပေါ် အခြေခံကာ ကျန်းမာရေးသုံးပစ္စည်းများနှင့် ဆေးဝါးများ၊ ရွှေ့ပြောင်းနိုင်သည့် ဆေးခန်းနှင့် ခွဲစိတ်ခန်းများ၊ ရေ၊ မီး အစရှိသည့် အခြေခံအဆောက်အအုံ၊ ယာယီရွက်ဖျင်တဲများ၊ ခြင်ထောင်များ စသည့် အထောက်အပံ့ပစ္စည်းများ ဦးစားပေးရယူပံ့ပိုးနိုင်ရေးနှင့် ပြန်လည်ထူထောင်သည့် လုပ်ငန်းစဉ်သို့ ကူးပြောင်းမှု ချောမွေ့စေ‌ရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး မြန်မာ၊ မလေးရှားနှင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

*********

Deputy Prime Minister and Union Minister of the Ministry of Foreign Affairs, along with Foreign Ministers of Malaysia and Thailand, met with the Members of Myanmar Disaster Management Committee and the Executive Director of the AHA Centre

(5-4-2025,Nay Pyi Taw)

Deputy Prime Minister and Union Minister of the Ministry of Foreign Affairs of Myanmar, together with the Foreign Ministers of Malaysia and Thailand, met with the Members of Myanmar Disaster Management Committee and the Executive Director of the ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre) at the Jasmine Hotel, Nay Pyi Taw on 5th April 2025.
During the Meeting, the Executive Director of the AHA Centre, Director-General of the Ministry of Health, and the Director-General of the Department of Disaster Management briefed the Foreign Ministers on the needs and current status of relief phase, search and rescue operations up to the 9th day of the earthquake, healthcare, water, electricity and other basic infrastructural needs at recovery and rehabilitation phase following ongoing relief efforts.
Based on the discussions, the Ministers of Foreign Affairs of Myanmar, Malaysia and Thailand coordinated to procuring medicine and medical equipment, mobile clinics and mobile operation theatres, basic infrastructure including water and electricity, temporary shelters and mosquito nets as priority needs. The ministers also agreed to continue cooperation for smooth transition to rehabilitation and recovery phase.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map