
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ (၂၀)ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပါဝင်တက်ရောက် (၃-၄-၂၀၂၅ ရက်၊ ဗန်ကောက်)
(၃-၄-၂၀၂၅ ရက်၊ ဗန်ကောက်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၃-၄-၂၀၂၅ ရက်၊ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် (၂၀)ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ် ဆတ်ငီယမ်ဖုန် က သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး အခြားဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးမစတင်မီ ဝန်ကြီးများနှင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များသည် မြန်မာနှင့် ထိုင်းနိုင်ငံတို့၌ ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်ပျက်စီးဆုံးရမှုများအတွက် ဝမ်းနည်း ကြောင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ကြပါသည်။ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရမှုများအတွက် စာနာထောက်ထားကြောင်းနှင့် အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာ၌ မြန်မာနိုင်ငံ၌ ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးရမှုများအတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများက ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခြင်းနှင့် အကူအညီများပေးအပ်ခြင်းတို့အတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများကို အထူးကျေးဇူးတင်ရှိပါ ကြောင်း၊ ဆဋ္ဌမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၌ ဘင်းမ်စတက်ဗန်ကောက် မျှော်မှန်းချက် (၂၀၃၀)နှင့် ဘင်းမ်စတက် ယန္တရားများဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အတည်ပြုနိုင်တော့မည်ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဘင်းမ်စတက် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ပထမအကြိမ် စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လက်ခံ ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပို့ဆောင်ဆက်သွယ်ရေးပင်မစီမံကိန်း အကောင်အထည်ဖော်မှုနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း တိုးတက်မှုရရှိရေးအတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းပါ ရည်မှန်းချက်များ ရရှိစေရန်နှင့် သာယာဝပြော၍ ကြံ့ကြံ့ခံနိုင်သော ပွင့်လင်းမြင်သာသည့် ဘင်းမ်စတက် တည်ဆောက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထပ်လောင်းအတည်ပြုပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် (၂၀)ကြိမ် မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်မီ ကျင်းပပြုလုပ်ခဲ့သည့် ပင်လယ်ရေကြောင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်လက်မှတ်ရေးထိုးခဲ့ပါသည်။
ထိုင်းနိုင်ငံက ဆဋ္ဌမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်၍ ဘင်းမ်စတက်လူငယ်မျိုးဆက်သစ်ဖိုရမ်ကို ၂-၄-၂၀၂၅ ရက်မှ ၃-၄-၂၀၂၅ ရက်အထိ လက်ခံကျင်းပ လျက်ရှိပြီး အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံကိုယ်စားပြု၍ ပုဂ္ဂလိကကဏ္ဍမှ လူငယ်စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ပါဝင်တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
*****************
Deputy Prime Minister and Union Minister for Foreign Affairs attends the Twentieth BIMSTEC Ministerial Meeting
(3-4-2025, Bangkok)
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs attended the Twentieth BIMSTEC Ministerial Meeting, which was held in Bangkok, Thailand, in the morning of 3 April 2025.
The Meeting was chaired by H.E. Mr. Maris Sangiampongsa, Minister of Foreign Affairs of Thailand. The Foreign Ministers of other BIMSTEC Member States, Bangladesh, Bhutan, India, Nepal, Sri Lanka, and Secretary General of BIMSTEC also attended the meeting.
Before the meeting, the ministers and representatives observed a one-minute silence for the victims of the recent earthquake in Myanmar and Thailand. The foreign ministers from BIMSTEC Member States expressed their condolences for the damage and loss of life caused by the earthquake in Myanmar and expressed their continued support and assistance to Myanmar.
In his statement, Deputy Prime Minister and Union Minister for Foreign Affairs expressed deep gratitude to the BIMSTEC Member States for dispatching rescue teams and providing assistance to Myanmar in the aftermath of the earthquake that struck Myanmar on 28 March 2025. He noted with satisfaction that the Sixth BIMSTEC Summit will adopt the BIMSTEC Bangkok Vision (2030) and the Rules of Procedures for BIMSTEC mechanisms. He informed the meeting that Myanmar, as the Lead Country for the BIMSTEC Agriculture and Food Security Sector, hosted the First BIMSTEC Ministerial Meeting on Agriculture and related meetings. He underlined that Myanmar will continue to work with BIMSTEC member countries to implement the BIMSTEC Master Plan for Transport Connectivity and to achieve further progress in India-Myanmar-Thailand Trilateral Highway Project. In conclusion, he reaffirmed Myanmar’s unwavering commitment to collaboration with all Member States to achieve the goals set in the BIMSTEC Charter and to build a “Prosperous, Resilient and Open BIMSTEC”.
The Deputy Prime Minister and Union Minister for Foreign Affairs signed the Agreement on Maritime Transport Cooperation, which was held ahead of the Twentieth BIMSTEC Ministerial Meeting.
Thailand is also hosting the BIMSTEC Young Gen Forum from 2-4-2025 to 3-4-2025 in conjunction with the 6th BIMSTEC Summit, and a young entrepreneur from the private sector is participating in the forum, representing Myanmar.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887