ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေး၊ ပြည်ပ အလုပ်အကိုင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အာရွန် ဟီမချန်ဒရာ ကို လက်ခံတွေ့ဆုံ (၂-၄-၂၀၂၅ ရက်၊ ဗန်ကောက်)

(၂-၄-၂၀၂၅ ရက်၊ ဗန်ကောက်)

(၆)ကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေး၊ ပြည်ပ အလုပ်အကိုင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ အာရွန် ဟီမချန်ဒရာ ကို ၂-၄-၂၀၂၅ ရက် ထိုင်းဒေသစံတော်ချိန် ၁၃၁၅ နာရီတွင် လက်ခံတွေ့ဆုံခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၈-၃-၂၀၂၅ ရက်တွင် ပျက်စီးဆုံးရှုံးမှုကြီးမားသည့်ငလျင် လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် မြန်မာအစိုးရ၏ ကယ်တင်ရေးနှင့် ကယ်ဆယ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ရှင်းလင်းပြောကြား ခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သီရိလင်္ကာအစိုးရနှင့် ပြည်သူများမှ ငလျင်ဒဏ် ခံစားရသည့် မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၁)သန်း လှူဒါန်းပြီး ကျန်းမာရေးစောင့်ရှောက်ရေးအတွက် ဆေးကုသရေးအဖွဲ့တစ်ဖွဲ့ကို ဆေးဝါးပစ္စည်းများနှင့် အတူ စေလွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သီရိလင်္ကာနိုင်ငံနှင့် အခြားနိုင်ငံများမှ လူသားချင်းစာနာ ထောက်ထားရေး အကူအညီ၊ ဆေးအဖွဲ့နှင့် ကယ်တင်ရေးအဖွဲ့များ မြန်မာ နိုင်ငံသို့ ပေးပို့စေလွှတ်မှုများ အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာရေးနှင့် စပ်လျဉ်း၍ နှစ်ဖက်လုံးက ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

************************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar received H.E. Mr. Arun Hemachandra, Deputy Minister of Foreign Affairs, Foreign Employment, and Tourism of the Democratic Socialist Republic of Sri Lanka

(2-4-2025, Bangkok)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, who is in Bangkok of Thailand to attend the 6th BIMSTEC Summit and related meetings, received H.E. Mr. Arun Hemachandra, Deputy Minister of Foreign Affairs, Foreign Employment, and Tourism of the Democratic Socialist Republic of Sri Lanka, at 1315 hrs (Thailand Standard Time) on 2 April 2025.
The Deputy Prime Minister and the Union Minister for Foreign Affairs briefed upon rescue and relief efforts of the Myanmar Government following the devasting earthquake on 28 March 2025. During the discussion, the Sri Lankan Deputy Minister informed the Myanmar side that the Government of Sri Lanka and its people will donate US$ one million and will dispatch a medical team along with medicine for providing healthcare services to those injured by the recent earthquake. He appreciated international humanitarian assistance and was grateful to Sri Lanka and other countries for sending medical and rescue teams to Myanmar. Both sides discussed on further strengthening of friendship and cooperation between Myanmar and Sri Lanka.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map