ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၀၂၆ ဝူလုံခရိုင် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းနှင့် အခြေချနေထိုင်ရေး ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း

(၂၈-၇-၂၀၂၆၊ ချုံချင့်)

ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၈-၇-၂၀၂၆ ရက် နံနက် ၉:၀၀နာရီတွင် နတ်သမီးတောင် ခရီးသွားအပန်းဖြေစခန်း၊ ဂျင်းဒင်းယဉ်ကျေးမှုနှင့် အားကစားခန်းမ၌ တရုတ်ကွန်မြူနစ်ပါတီ ချုံချင့်မြို့နယ်ကော်မတီနှင့် ချုံချင့်မြူနီစီပယ် ပြည်သူ့ အစိုးရ၏ မဟာဗျူဟာမြောက်စီစဉ်မှုဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၆ ဝူလုံခရိုင် ယဉ်ကျေးမှု ခရီးသွား လုပ်ငန်းနှင့် အခြေချနေထိုင်ရေးခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ဝူလုံခရိုင်ကော်မတီအတွင်းရေးမှူး Mr. Fan Lixin မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းနောက် ချုံချင့်စည်ပင်သာယာရေးအဖွဲ့ ယဉ်ကျေး မှုနှင့် ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်ဒုတိယညွှန်ကြားရေးမှူးနှင့် ယဉ်ကျေးမှု ခရီးသွား လာရေးနှင့် အခြေချနေထိုင်ရေးခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးရှင်းလင်းခဲ့ကြပါသည်။ ထို့နောက် ယဉ်ကျေးမှုခရီးသွား ကဏ္ဍဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့ပြီး “Fairy Mountain Declaration” ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါ ညီလာခံကို ဝူလုံခရိုင်အား ကမ္ဘာကျော်ယဉ်ကျေးမှု ဆိုင်ရာခရီးသွားလာရေး နေရာတစ်ခုအဖြစ် ဖန်တီးရေးနှင့် ချုံချင့်မြို့အား နိုင်ငံတကာ အသိအမှတ်ပြု ခရီးသွားဗဟိုမြို့တော် အဖြစ် တိုးမြှင့်တည်ဆောက်ရေးတို့အတွက် ဝူလုံခရိုင်၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အောင်မြင်မှုသစ်များ၊ ပုံရိပ်သစ်များနှင့် အခွင့်အလမ်းသစ်များကို အပြည့်အဝ ဖော်ထုတ်ပြသသွားရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Consul General U Kyaw Zayar Lin attended the opening ceremony of the 2026 Wulong County Cultural Tourism and Settlement Tourism Development Conference (28-7-2026, Chongqing) Consul General U Kyaw Zayar Lin from the Consulate General of Myanmar in Chongqing attended the opening ceremony of the 2026 Wulong County Cultural Tourism and Settlement Tourism Development Conference, which was held at the Jinding Cultural and Sports Hall of the Nantou Mountain Tourist Resort and strategically organized by the Chongqing Township Committee of the Communist Party of China and the Chongqing Municipal People’s Government, at 9:00 am on 28-7-2026. Mr. Fan Lixin, Secretary of the Wulong County Committee of the Communist Party of China, delivered an opening speech at the event. Afterwards, the Deputy Director of the Chongqing Municipal Culture and Tourism Development Commission and experts from the cultural tourism and settlement tourism development sectors discussed and clarified relevant topics. Then, cultural tourism development cooperation agreements were signed and the “Fairy Mountain Declaration” was issued. The conference was held to fully showcase the new achievements, new images and new opportunities in the development of culture and tourism in Wulong County, in order to build Wulong County into a world-renowned cultural tourism destination and build Chongqing City into an internationally recognized tourist center.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map