ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် China Chongqing International Chinese Medicine (TCM) Culture Exchange (Experience) Center ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း

(၂၃-၇-၂၀၂၆၊ ချုံချင့်)

ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို့ ကျန်းမာရေးကော်မရှင်နှင့် ယွီကျုံးခရိုင် ပြည်သူ့အစိုးရတို့မှ ပူးပေါင်းဖွင့်လှစ်သည့် China Chongqing International Traditional Chinese Medicine (TCM) Culture Exchange (Experience) Center ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ချုံချင့်မြို့ ကျန်းမာရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Xing Yaxi၊ ချုံချင့်မြို့ နိုင်ငံခြားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Feng Zimin၊ ချုံချင့် စီးပွားရေးရာကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Zuo Yang၊ ချုံချင့် ခရိုင် ပြည်သူ့အစိုးရ ဒုတိယအကြီးအကဲ Ms Chen Jie၊ ချုံချင့်တရုတ်တိုင်းရင်းဆေးရုံမှ ဒုတိယဉက္ကဋ္ဌ Mr.Yang Kunpeng အပါအဝင် ချုံချင့်မြို့နှင့် ယွီကျုံးခရိုင်မှ အစိုးရတာဝန်ရှိသူများ၊ ချုံချင့်မြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် တရုတ်တိုင်းရင်းဆေးပညာကဏ္ဍမှ ပညာရှင်များ၊ တက္ကသိုလ်များ၊ ဆေးရုံများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားနှင့်အတူ “Hundred Cities, Thousand Counties • Encountering Qihuang in Chongqing’ Traditional Chinese Medicine Culture Benefit Activity” ကိုလည်း တစ်ပြိုင်နက် ကျင်းပခဲ့ပြီး တရုတ်တိုင်းရင်းဆေးပညာ (Traditional Chinese Medicine – TCM) ၏ ယဉ်ကျေးမှု အမွေအနှစ်၊ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို မျှဝေပေးခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ သံတမန်များနှင့် ကောင်စစ် ဝန်ချုပ်များသည် TCM Culture Exchange (Experience) Center အတွင်း ပြသထားသည့် တရုတ် တိုင်းရင်းဆေးပညာဆိုင်ရာ ပြခန်းများ၊ ကျန်းမာရေးစစ်ဆေးမှုနှင့် အတွေ့အကြုံ ရယူနိုင် သည့် အစီအစဉ်များတွင် ပါဝင်လေ့လာခဲ့ကြပါသည်။ ထို့အပြင် အပ်စိုက်ကုထုံး၊ နှိပ်နယ်ကုထုံး (Tuina)၊ ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုများနှင့် တရုတ် တိုင်းရင်း ဆေးဖက်ဝင်အပင်များကို အခြေခံသည့် ထုတ်ကုန်များကိုလည်း ကြည့်ရှုလေ့လာ ခဲ့ကြပါသည်။

China Chongqing International Traditional Chinese Medicine (TCM) Culture Exchange (Experience) Center သည် တရုတ်တိုင်းရင်းဆေးပညာကို နိုင်ငံတကာသို့ မိတ်ဆက် ပေးရန်၊ နိုင်ငံခြားဧည့်သည်များအား TCM ယဉ်ကျေးမှုကို ကိုယ်တိုင်တွေ့ကြုံခံစားနိုင်စေရန်နှင့် ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်၍ တည်ထောင်ဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာဖလှယ်ရေးစင်တာတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map