
ချုံချင့်မြို့မြန်မာကောင်စစ်ဝန်ချုပ် မြန်မာ−တရုတ်(ချုံချင့်) ပူးပေါင်းဆောင်ရွက်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် (၂၁-၃-၂၀၂၅၊ ချုံချင့်)
(၂၁-၃-၂၀၂၅၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Feng Zimin တို့ ဦးဆောင်၍ မြန်မာ−တရုတ်(ချုံချင့်) ပူးပေါင်းဆောင်ရွက်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀-၃-၂၀၂၅ ရက်၊ နေ့လယ် ၁၄း၀၀ နာရီတွင် ချုံချင့်မြို့၊ နိုင်ငံခြားရေးရာဌာန၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာပညာတော်သင် အယောက် (၅၀) အား ချုံချင့် မြို့၌ ပညာသင်ကြားနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ချုံချင့်မြို့ South West University အကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကိစ္စနှင့် ချုံချင့်မြို့နှင့် မြန်မာနိုင်ငံ အကြား တိုက်ရိုက်လေကြောင်း ပြေးဆွဲရေးကိစ္စတို့အား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
********************************************
Consul-General of Myanmar attends the Second Coordination Meeting on Myanmar- China (Chongqing) Cooperation with Chongqing Municipal Government Officials
(21-3-2025, Chongqing)
On March 20, 2025, at 14:00, the Second Coordination Meeting on Myanmar-China (Chongqing) Cooperation was held at the Foreign Affairs Office of Chongqing Municipality. The meeting was co-chaired by the Consul General of Myanmar in Chongqing, U Kyaw Zay Yar Lin, and Deputy Director General of the Foreign Affairs Office of Chongqing, Mr. Feng Zimin. At the meeting, discussions focused on scholarships for 50 Myanmar students to study in Chongqing, agricultural cooperation between the Department of Agriculture Research of Myanmar’s Ministry of Agriculture, Livestock and Irrigation and Southwest University of Chongqing, matters related to the natural gas pipeline, and the possibility of launching direct flights between Chongqing and Myanmar.

Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887