ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် (၈) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံရေး နိုင်ငံတကာပြပွဲနှင့် မြန်မာပြခန်း (Myanmar Pavilion)သို့ သွားရောက် လေ့လာခဲ့ခြင်း
(၂၃-၅-၂၀၂၆၊ ချုံချင့်)
၂၃-၅-၂၀၂၆ ရက် နံနက်ပိုင်းတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် (၈) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံရေး နိုင်ငံတကာပြပွဲ (8th Western China International Investment and Trade Fair -WCIFIT)သို့ သွားရောက်၍ ပြပွဲအတွင်း မြန်မာနိုင်ငံ နေပြည်တော် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း (NCCI) မှ ကျောက်မျက်ရတနာနှင့် မြန်မာ့ထွက်ကုန်ပစ္စည်းများ ခင်းကျင်း ပြသထားမှု အခြေအနေများကို သွားရောက်လေ့လာခဲ့ပါသည်။
အဆိုပါ (၈) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး နိုင်ငံတကာ ပြပွဲကို တရုတ်နိုင်ငံ၊ ချုံချင့်မြို့ရှိ YueLai Internation Convention Center တွင် ၂၁-၅-၂၀၂၆ မှ ၂၄-၅-၂၀၂၆ အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ နိုင်ငံနှင့် ဒေသပေါင်း ၅၀ မှ ကုမ္ပဏီများနှင့် အဖွဲ့ အစည်းပေါင်း ၁၄၀၀ နီးပါး ပါဝင်ဆင်နွှဲလျက်ရှိပါသည်။ အဆိုပါပြပွဲတွင် နိုင်ငံတကာမှ စီးပွား ရေးဆိုင်ရာ ပြခန်းများ ပါဝင်ပြသထားပြီး၊ ပြပွဲကျင်းပရေး ကော်မတီရုံး၏ ဖိတ်ကြားချက်အရ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာနိုင်ငံ နေပြည်တော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ ပြခန်း(၂)ခန်း ပါဝင်ပြသထားပါသည်။ မြန်မာပြခန်းတွင် ခင်းကျင်းပြသထားသော ကျောက်မျက်ရတနာ၊ လက်မှုထည်များ၊ မြန်မာ့လယ်ယာထွက်ကုန် များနှင့် ရိုးရာစားသောက် ကုန်များသည် တရုတ်ဈေးကွက်နှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်း ရှင်များ၏ စိတ်ဝင်စားမှု အများဆုံး ရရှိခဲ့ကြောင်း သိရှိရပါသည်။
ထို့အတူ ကောင်စစ်ဝန်ချုပ်သည် ယင်း Convention Center အတွင်း တရုတ်ကုန်သည်များ၏ နိုင်ငံတကာကုန်စည်များပြခန်း၌ ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည့် မြန်မာပြခန်း (Myanmar Pavilion) သို့ သွားရောက်လေ့လာခဲ့ပါသည်။ အဆိုပါ မြန်မာပြခန်း (Myanmar Pavilion) တွင် မြန်မာ့ကျောက်စိမ်းနှင့် လက်ဝတ်ရတနာများကို အဓိကထား၍ ရောင်းချသွားမည်ဖြစ်ပြီး၊ အခြား မြန်မာ့လက်မှုအနုပညာများနှင့် မြန်မာ့ထွက်ကုန်ပစ္စည်းများကိုလည်း တစ်နှစ်ပတ်လုံး ခင်းကျင်း ပြသရောင်းချသွားရန်စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
Consul General U Kyaw Zay Yar Lin Visited the 8th Western China International Investment and Trade Fair (WCIFIT) and Myanmar Pavilion
(23 May 2026, Chongqing)
On the morning of 23 May 2026, U Kyaw Zay Yar Lin, Consul General of the Consulate-General of Myanmar in Chongqing, visited the 8th Western China International Investment and Trade Fair (WCIFIT). During the visit, he observed the exhibition booths organized by the Nay Pyi Taw Chamber of Commerce and Industry (NCCI), where Myanmar gems, jewelry, and various Myanmar products were being displayed.
The 8th Western China International Investment and Trade Fair (WCIFIT) is being held at the YueLai International Convention Center in Chongqing, China, from 21 to 24 May 2026, with the participation of nearly 1,400 companies and organizations from 50 countries and regions. The exhibition features various international business and trade pavilions. At the invitation of the organizing committee, the Consulate- General of Myanmar in Chongqing, in collaboration with the Nay Pyi Taw Chamber of Commerce and Industry of Myanmar (NCCI), is participating with two exhibition booths. The Myanmar booths, showcasing gems and jewelry, handicrafts, Myanmar agricultural products, and traditional food products, attracted significant interest from the Chinese market and international business communities.
In addition, the Consul General also visited the Myanmar Pavilion, which is being prepared for opening within the international commodities exhibition area of the Convention Center organized by Chinese merchants. The Myanmar Pavilion will mainly sell Myanmar jade and jewelry, while also planning to display and sell Myanmar handicrafts and other Myanmar products throughout the year.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



