လျန်ကျန်းခရိုင်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံအနောက်ပိုင်း နိုင်ငံတကာ ကုန်စည်ပြပွဲ- (ချုံချင့်)တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ စက်မှုကဏ္ဍမိတ်ဖက်ဆွေးနွေးပွဲ နှင့် အမြင်ချင်းဖလှယ်ပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်ပါဝင်တက်ရောက်ခဲ့ခြင်း

(၂၂-၅-၂၀၂၆ ရက်၊ ချုံချင့်မြို့)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့သည် ချုံချင့် လျန်ကျန်းခရိုင် ပြည်ပရောက် တရုတ် လူမျိုးများ ဖက်ဒေရေးရှင်းနှင့် ပူးပေါင်း၍ ၂၂-၅-၂၀၂၆ ရက် နံနက်ပိုင်းတွင် Chongqing Beautisson Hotel ၌ ၂၀၂၆ ခုနှစ် တရုတ်နိုင်ငံအနောက်ပိုင်း နိုင်ငံတကာကုန်စည်ပြပွဲ- (ချုံချင့်) တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ စက်မှုကဏ္ဍမိတ်ဖက် ဆွေးနွေးပွဲနှင့် အမြင်ချင်း ဖလှယ် ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့်အတူ နေပြည် တော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးအောင်ဇေယျ ဦးဆောင် သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့၊ ချုံချင့်မြို့ ပြည်ပရောက် တရုတ်လူမျိုးများ အဖွဲ့ချုပ် ပါတီ ဦးဆောင်အဖွဲ့ဝင် မစ္စတာမိုတုန်၊ လျန်ကျန်နယ်မြေသစ် ပြည်ပရောက် တရုတ်လူမျိုးများ အဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာဆွန်မင်မင်၊ ချုံချင့်မြို့ ပြည်ပရောက် တရုတ်လူမျိုးများ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌနှင့် ချုံချင့် ပြည်ပရောက် တရုတ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ မစ္စတာလီရန်ဘိုနှင့် တာဝန်ရှိသူများ၊ လျန်ကျန်းခရိုင်မှ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များ၊ မြန်မာ နိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်လိုသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း၊ နေပြည်တော်ကုန် သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌ ဦးအောင်ဇေယျနှင့် ချုံချင့်မြို့ ပြည်ပ ရောက် တရုတ်လူမျိုးများအဖွဲ့ချုပ်ပါတီ ဦးဆောင်အဖွဲ့ဝင် မစ္စတာမိုတုန်တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် မြန်မာနှင့် တရုတ်စီးပွားရေး လုပ်ငန်း ရှင်များမှ အချင်းချင်း မိတ်ဆက်တွေ့ဆုံခဲ့ကြပြီး စီးပွားရေးဆိုင်ရာ ဖလှယ်မှုများ ဆောင်ရွက်ခဲ့ ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲသည် မြန်မာ-တရုတ် နှစ်ဘက်အကြား လက်တွေ့ အကောင်အထည် ဖော်နိုင်မည့် စီးပွားရေးမိတ်ဖက်များအား တွေ့ဆုံနိုင်စေရေးနှင့် အချင်းချင်း ယုံကြည်မှုပေါ် အခြေ တည်သည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပေါ်ပေါက်လာစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များ အကြား ပေါင်းသင်းဆက်ဆံရေး၊ အတွေ့အကြုံနှင့် အတွေးအမြင်ဖလှယ်ရေး၊ နည်းပညာ မျှဝေရေး စသည်တို့အတွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးနိုင်စေရေးနှင့် အစည်းအဝေးမှ ထွက်ပေါ် လာမည့် အကျိုးအမြတ်ဆောင်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံ စီးပွား ရေးလုပ်ငန်းရှင်များသာမက နှစ်နိုင်ငံရှိ လုပ်သားပြည်သူများအတွက် အကျိုးရှိစေမည်ဖြစ်ပြီး၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးနိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် ကြောင်း သိရှိရပါသည်။

Myanmar Consul-General Attended 2026 Western China International Fair: China-Myanmar (Chongqing) Entrepreneurs Industrial Matching Symposium and Exchange Meeting held in Liangjiang

Chongqing, May 22, 2026

The Consulate-General of Myanmar in Chongqing, in cooperation with the Federation of Returned Overseas Chinese of Chongqing Liangjiang District, successfully organized the 2026 Western China International Fair – China-Myanmar (Chongqing) Entrepreneurs Industrial Matching Symposium and Exchange Meeting on the morning of 22 May 2026 at Chongqing Beautisson Hotel.
The event was attended by Myanmar Consul General U Kyaw Zay Yar Lin, together with a delegation of Myanmar business representatives led by U Aung Zay Ya, Chairman of the Nay Pyi Taw Chamber of Commerce and Industry. Also in attendance were Mr. Mu Tong, member of the Party Leadership Group of the Chongqing Federation of Returned Overseas Chinese; Mr. Sun Mingming, Chairman of the Federation of Returned Overseas Chinese of Liangjiang New Area; Mr. Li Renbo, Vice Chairman of the Chongqing Federation of Returned Overseas Chinese and Chairman of the Chongqing Overseas Chinese Chamber of Commerce, along with responsible officials, businessmen from Liangjiang District, representatives from business associations, and entrepreneurs interested in economic cooperation with Myanmar.
During the event, opening remarks were delivered respectively by Consul General U Kyaw Zay Yar Lin, Chairman U Aung Zay Ya of the Nay Pyi Taw Chamber of Commerce and Industry, and Mr. Mu Tong from the Chongqing Federation of Returned Overseas Chinese. Following the opening session, Myanmar and Chinese business representatives introduced themselves to one another and engaged in business networking and exchanges.
The dialogue was organized with the aim of creating opportunities for practical business partnerships between Myanmar and China, promoting mutually beneficial cooperation based on trust, strengthening relations among entrepreneurs, exchanging experiences, perspectives, and technologies, and fostering new opportunities for collaboration. The economic cooperation expected to emerge from the meeting is anticipated to benefit not only entrepreneurs from both countries but also the people of Myanmar and China, while also contributing to regional development.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map