ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို့ ယွီကျုံးခရိုင် နိုင်ငံခြားရေးဌာနမှ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံခဲ့ခြင်း
(၈-၅-၂၀၂၆၊ ချုံချင့်)
၁။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို့ ယွီကျုံးခရိုင် နိုင်ငံခြားရေးဌာနမှ ညွှန်ကြားရေးမှူး Ms. Ren Haiyan နှင့် စီးပွား ရေးဌာနမှ တာဝန်ရှိသူများအား ၈-၅-၂၀၂၆ ရက်တွင် ချုံချင့်မြို့ရှိ ယွီကျုံးခရိုင်နိုင်ငံခြားရေးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
၂။ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် ချုံချင့်၊ ယွီကျုံးခရိုင်နှင့် မြန်မာနိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ Western China International Fair of Investment and Trade -WCIFIT သို့ တက်ရောက်ရန် လာရောက်မည့် နေပြည်တော် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား ချုံချင့်မြို့မှ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စီးပွားရေးမိတ်ဖက်ဖလှယ်ပွဲ ကျင်းပနိုင်ရေးစသည်တို့ကို ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။
Consul-General U Kyaw Zay Yar Lin Meets with Director of the Foreign Affairs Office of Yuzhong District, Chongqing
(8 May 2026, Chongqing)
Consul-General of the Consulate-General of Myanmar in Chongqing, U Kyaw Zay Yar Lin, paid a courtesy call on Ms. Ren Haiyan, Director of the Foreign Affairs Office of Yuzhong District, and respective officials from Economic Commission of Yuzhong District, Chongqing on 8 May 2026 at the Yuzhong District Foreign Affairs Office in Chongqing.
During the meeting, both sides discussed ways to further enhance economic, trade, cultural and tourism cooperation between Yuzhong District of Chongqing and Myanmar, promote practical collaboration, and facilitate a business matching event between the delegation from the Naypyitaw Chambers of Commerce and Industry (NCCI), which will attend the Western China International Fair for Investment and Trade (WCIFIT), and business representatives from Chongqing.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



