ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို့၊ လျန်ကျန်းဆေးရုံသို့ သွားရောက် လေ့လာခဲ့ခြင်း

(၈-၅-၂၀၂၆၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၉-၅-၂၀၂၆ ရက် မွန်းလွဲပိုင်းတွင် ချုံချင့်မြို့ရှိ လျန်ကျန်းဆေးရုံသို့ သွားရောက်လေ့လာခဲ့ပြီး တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ချုံချင့်မြို့ လျန်ကျန်းဆေးရုံသည် ၁၉၅၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျန်းမာရေး ဌာနကြီး ၅ ခု နှင့် ဆေးပေးခန်း ၈ ခုဖြင့် စီမံခန့်ခွဲလျက်ရှိပါသည်။ ဝန်ထမ်းအင်အား ၁၈၀၀ ကျော်၊ အထူးကုဆရာဝန် ၂၃၀ ကျော်နှင့် လူနာကုတင် ၁၂၀၀ ဝင်ဆံ့ပြီး၊ တနေ့လျှင် လူနာ ၅၀၀၀ ကျော်အား ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါသည်။
ကောင်စစ်ဝန်ချုပ်သည် လျန်ကျန်းဆေးရုံသို့ ရောက်ရှိစဉ် အရေးကြီးပုဂ္ဂိုလ်ကုသရေး ဌာန၊ အရေးပေါ်လူနာဌာန၊ ဓါတ်မှန်ဌာနနှင့် AI နည်းပညာ အသုံးပြုထားသည့် ဆေးဘက်ဆိုင်ရာ ကိရိယာများကို လေ့လာကြည့်ရှုခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်နှင့် ဆေးရုံများ နှင့် လျန်ကျန်းဆေးရုံတို့ အကြား ဆေးကျောင်းသားနှင့် ဆရာဝန်များ အပြန်အလှန်ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

**********

Consul-General U Kyaw Zay Yar Lin Visited the Liangjiang Hospital in Chongqing

(8 May 2026, Chongqing)

U Kyaw Zay Yar Lin, Consul-General of the Consulate-General of the Republic of the Republic of the Union of Myanmar in Chongqing, visited Liangjiang Hospital in Chongqing on the afternoon of 8 May 2026, where he toured the facilities and held discussions with responsible officials.
Liangjiang Hospital in Chongqing established in 1957 and is managed through five major medical departments and eight clinics. With a workforce of more than 1,800 staff members, including over 230 specialists, the hospital has 1,200 patient beds and provides healthcare services to more than 5,000 patients daily.
During the visit, the Consul-General toured the VIP Medical Department, Emergency Department, Radiology Department, and observed medical equipment integrated with AI technology. He also discussed exchange programs and cooperation opportunities for medical students and doctors between Liangjiang hospital and medical universities and hospitals in Myanmar.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map