ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို့ရှိ Children Palace သို့ သွားရောက် လေ့လာခဲ့ခြင်း

(၆-၅-၂၀၂၆၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၆-၅-၂၀၂၆ ရက် မွန်းလွဲပိုင်းတွင် ချုံချင့်မြို့ရှိ Children Palace သို့ သွားရောက်၍ လေ့လာခဲ့ပြီး တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ချုံချင့်မြို့ရှိ Children Palace သည် ကလေးများအတွက် ပညာရေး၊ အနုပညာ၊ စိတ်ဓါတ်နှင့် ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားများကို ပြုလုပ်ပေးသည့် လူငယ်ဖွံ့ဖြိုး ရေးစင်တစ်ခုဖြစ်ပြီး ကလေးများနှင့် လူငယ်များကို ကျောင်းစာပြင်ပ အရည်အချင်းများ တိုးတက် စေရန် သင်တန်းမျိုးစုံ ဖွင့်လှစ်ပေးလျက်ရှိသည့် စင်တာတစ်ခုဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတကာ ကျောင်း/ တက္ကသိုလ်များ၊ နိုင်ငံခြား ကောင်စစ်ဝန်ချုပ်ရုံးများနှင့် ပူးပေါင်း၍ နိုင်ငံတကာ ကျောင်း သား ဖလှယ်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိသည့် စင်တာတစ်ခုလည်း ဖြစ်ပါသည်။
အဆိုပါစင်တာသို့ လေ့လာရေး ရောက်ရှိစဉ်အတွင်း ကောင်စစ်ဝန်ချုပ်သည် တာဝန်ခံ ညွှန်ကြားရေးမှူး Mr. Long Jiang နှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး၍ မြန်မာနိုင်ငံနှင့် ပူးပေါင်း၍ ပညာဖလှယ်ရေးအစီအစဉ်များ ပြုလုပ်နိုင်ရေး၊ မြန်မာနိုင်ငံမှ ကလေးများအား ‌နွေရာသီ လေ့လာရေး ခရီးစဉ်ဖိတ်ကြားပေးနိုင်ရေး၊ Children Palace တွင် မြန်မ့ာယဉ်ကျေးမှုဆိုင်ရာ ပစ္စည်း များကို လာရောက်ခင်းကျင်းပြသနိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Consul-General U Kyaw Zay Yar Lin Visited the Children’s Palace in Chongqing

(6 May 2026, Chongqing)

U Kyaw Zay Yar Lin, Consul-General of the Consulate-General of the Republic of the Union of Myanmar in Chongqing, paid a visit to the Children’s Palace in Chongqing on the afternoon of 6 May 2026, where he observed the facilities and held discussions with responsible officials.
The Children’s Palace in Chongqing is a youth development center that provides educational, artistic, moral, and intellectual development activities for children. It also offers a variety of extracurricular training programs aimed at enhancing the skills and talents of children and young people. In addition, the center actively conducts international student exchange activities in cooperation with international schools, universities, and foreign consulates.
During the visit, the Consul-General met and held discussions with the Director, Mr. Long Jiang, and other responsible officials regarding possible cooperation programs with Myanmar. Discussions included the possibility of organizing educational exchange programs with Myanmar, inviting children from Myanmar to participate in summer study tours, and organizing exhibitions of Myanmar cultural items at the Children’s Palace.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map