2025 World Cities Day China Observance သို့ မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်

(၂၈-၁၀-၂၀၂၅ ရက်၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၈-၁၀-၂၀၂၅ ရက်တွင် ချုံချင့်မြူနီစီပယ်မြို့ရှိ Yuelai International Convention Center တွင် ကျင်းပပြုလုပ်ခဲ့သည့် 2025 World Cities Day China Observance ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်စည်ပင်သာယာရေးကော်မတီမှ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို ချုံချင့်မြူနီစီပယ်ကော်မတီ CPC ပါတီအတွင်းရေးမှူးနှင့် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ယွမ်ကျားကျွင်းက ဖွင့်လှစ်ပေးခဲ့ပြီး တရုတ်နိုင်ငံ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာ Ni Hong၊ ချုံချင့် မြူနီစီပယ် မြို့တော်ဝန် Mr. Hu Henghua၊ တောင်အာဖရိကနိုင်ငံ Gauteng ပြည်နယ် တရားရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Mr. Vuyo Mhlakaza-Manamela ၊ UN-Habitat အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာရုံးမှ ဌာနေကိုယ်စားလှယ် Ms. Kazuko Ishigaki နှင့် နိုင်ငံတကာမှ ဧည့်သည်တော်များ၊ အစိုးရ တာဝန်ရှိသူများ၊ ချုံချင့်နှင့် ချန်ဒူးမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ် ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ 2025 World Cities Day China Observance Event ကို ချုံချင့်မြို့တွင် အောက်တိုဘာလ ၂၈ ရက်မှ ၂၉ ရက်အထိ “People-Centered Smart Cities Towards the Future” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး စကားဝိုင်းဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အောင်မြင်မှုဆိုင်ရာပြခန်းများ ထည့်သွင်းကျင်းပခဲ့ပြီး နိုင်ငံတကာနှင့် အဆင့်မြင့်ကဏ္ဍတွင် မြို့ပြနှင့် ကျေးလက်ဆိုင်ရာ ပူး‌ပေါင်းဆောင်ရွက်မှု စင်္ကြံတစ်ခုတည်ဆောက်ရန်ဖြစ်ကြောင်း သိရှိရပါသည်။

Consul General of Myanmar attends the 2025 World Cities Day China Observance

(28-10-2025, Chongqing)

U Kyaw Zay Yar Lin, Consul General of the Consulate General of the Republic of the Union of Myanmar in Chongqing, attended the Opening Ceremony of the 2025 World Cities Day China Observance together with the delegation from the Yangon City Development Committee (YCDC). The ceremony was held on 28 October 2025 at the Yuelai International Convention Center in Chongqing Municipality.
The event was officially inaugurated by Mr. Yuan Jiajun, Secretary of the CPC Chongqing Municipal Committee and Member of the Political Bureau of the CPC Central Committee. Distinguished attendees included Mr. Ni Hong, Minister of the Ministry of Housing and Urban-Rural Development of China; Mr. Hu Henghua, Mayor of Chongqing Municipal People’s Government; Mr. Vuyo Mhlakaza-Manamela, Deputy Speaker of the Gauteng Provincial Legislature of the Republic of South Africa; Ms. Kazuko Ishigaki, Regional Representative of UN-Habitat for Asia and the Pacific; as well as other international guests, government officials, Consuls General and representatives from Consulates General based in Chongqing and Chengdu, and other invited participants.
The 2025 World Cities Day China Observance is being held in Chongqing from 28 to 29 October under the theme “People-Centered Smart Cities towards the Future.” The event features thematic forums, series events, workshops, and thematic achievements exhibitions, aiming to establish an international, high-level, and pragmatic platform for urban exchange and cooperation.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map