(၂၈) ကြိမ်မြောက် ချုံချင့်မြို့ယဉ်ကျေးမှုနှင့် ခရီးသွားပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ကောင်စစ်ဝန်ချုပ် တက်ရောက် (၂၈-၃-၂၀၂၅၊ ချုံချင့်)

(၂၈-၃-၂၀၂၅၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၈-၃-၂၀၂၅ ရက်နေ့တွင် ချုံချင့်မြို့၊ Jiefangbei ၌ ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီသွားလာရေးကော်မရှင်နှင့် ယွီကျုံးခရိုင်ပြည်သူ့အစိုးရတို့မှ ဦးစီးကျင်းပပြုလုပ် သည့် (၂၈) ကြိမ်မြောက် ချုံချင့်မြို့ပြယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီသွားလာရေး ကော်မရှင်မှတာဝန်ရှိသူများ၊ ယွီကျုံးခရိုင်အစိုးရတာဝန်ရှိသူများ၊ ချုံချင့်မြို့အခြေစိုက် ကောင်စစ် ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါပြပွဲတွင် နိုင်ငံတကာ နှင့် တရုတ်နိုင်ငံမြို့ကြီးများမှ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုန်ပစ္စည်းများပါဝင် ပြသခဲ့ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာလက်မှုပစ္စည်းများနှင့် မြန်မာ့ရိုးရာအစားအစာများ ပါဝင်ပြသခဲ့ပါသည်။

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map