၂၀၂၆ ခုနှစ် ချုံချင့်မြို့ Jiefangbei အပြည်ပြည်ဆိုင်ရာ ပိုးထည်သုံးစွဲမှုပွဲတော် ဖွင့်ပွဲအခမ်း အနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ချုံချင့်မြို့၊ ယွီကျုံးခရိုင်ရှိ Jiefangbei ဧရိယာ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် ချုံချင့် Jiefangbei အပြည်ပြည်ဆိုင်ရာ ပိုးထည်သုံးစွဲမှု ပွဲတော် (2026 Chongqing Jiefangbei International Silk Consumption Festival) ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း တက်ရောက်ခဲ့ပါသည်။
အဆိုပါပွဲတော်ကို ချုံချင့်မြူနီစီပယ်စီပွားရေးကော်မရှင်၊ ယွီကျုံးခရိုင် ပြည်သူ့အစိုးရ နှင့် တရုတ်ပိုးထည်အသင်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး “Silk Charm of Jiangnan • Shopping Delight in Mountain City” ဟူသည့် ဆောင်ပုဒ်ဖြင့် စက်တင်ဘာလ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့်အတူ ချုံချင့်မြူနီစီပယ်စီပွားရေး ကော်မရှင် ညွှန် ကြားရေးမှူးချုပ် မစ္စတာကျန်းရုံးဝူ၊ ယွီကျုံးခရိုင်ပါတီကော်မတီအတွင်းရေး မစ္စတာရှဲတုန့်၊ ယွီကျုံးခရိုင် ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာဟယ်တု (ခရိုင်ယာယီမြို့တော် ဝန်)၊ ချုံချင့်မြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကိုယ်စားလှယ် များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ပွဲတော်တွင် ဆူကျိုးနှင့် ချုံချင့်မြို့တို့၏ ပိုးထည်လုပ်ငန်းဆိုင်ရာ အရင်းအမြစ်များကို ပေါင်းစပ် မိတ်ဆက်ခြင်း၊ ပြည်တွင်းပိုးထည်အမှတ်တံဆိပ်များ၏ ထုတ်ကုန်များ ပြသခြင်း၊ ယဉ်ကျေးမှုဖျော်ဖြေပွဲများ၊ ဖက်ရှင်ပြပွဲများ၊ ပိုးထည်လုပ်ငန်းနှင့် သက်ဆိုင်သည့် ပြပွဲများနှင့် စားသုံးသူများ ပါဝင်ခံစားနိုင်သည့် အစီအစဉ်များကို ထည့်သွင်းကျင်းပထားသည်။ ထို့အပြင် ရိုးရာ တရုတ်ပိုးထည်ယဉ်ကျေးမှုနှင့် အမွေအနှစ်များကို ခေတ်မီပုံစံဖြင့် မိတ်ဆက်ပြသနိုင်ရန် ရည်ရွယ်၍ ဖွင့်ပွဲအခမ်းအနား၊ “Silk Charm Glamour” ပိုးထည်ဖက်ရှင်ပြပွဲနှင့် အကြောင်း အရာအလိုက် ပြပွဲဇုန် ၄ ခုကိုလည်း ထည့်သွင်းပြသထားပါသည်။
ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် အခမ်းအနားသို့ တက်ရောက်ကာ ပိုးထည်ယဉ်ကျေးမှုနှင့် ခေတ်မီပိုးထည်ထုတ်ကုန်များ ပြသထားမှုများကို လေ့လာကြည့်ရှုခဲ့ ပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများ ပိုမို တိုးမြှင့်နိုင်ရေးအတွက် အဆိုပါပွဲတော်၏ အခန်းကဏ္ဍကို လေ့လာခဲ့ကြောင်း သိရှိရပါသည်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



