အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအ‌ရေးပေါ်အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက် (၃၀-၃-၂၀၂၅ရက်၊ နေပြည်တော်)

(၃၀-၃-၂၀၂၅ရက်၊ နေပြည်တော်)

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင် ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ၃၀-၃-၂၀၂၅ ရက် (တနင်္ဂနွေနေ့) တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူး အရေးပေါ်အစည်းအဝေးကို မြန်မာနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပြင်းထန်သော ငလျင်ဖြစ်ပွားပြီးနောက်၌ ငလျင်ဘေးသင့်ရာ ဒေသများတွင် လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ် နိုင်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

အဆိုပါအစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် သဘာဝအန္တရာယ်သက်ရောက်မှုများမှ ကူညီကယ်ဆယ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ အင်အားပြင်းငလျင် ဖြစ်ပွား ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရ အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာခဲ့ပြီးသည်နှင့် တစ်ပြိုင်နက် ငလျင်ကြောင့်ထိခိုက်ခံစားရသူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပြင်းအားမြင့် ငလျင်နှင့် ဆက်စပ်သည့် ငလျင်ငယ် (၁၇)ကြိမ်ကျော်ကိုလည်း ကြုံတွေ့လျက်ရှိသည့်အတွက် လတ်တ လောတွင် ပျောက်ဆုံးနေသူများ ရှာဖွေကယ်ဆယ်‌ရေးနှင့် ယာယီနေထိုင်နိုင်ရန် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အဓိကအကူအညီလိုအပ်ကြောင်း၊ ပြိုကျပျက်စီးမှုမရှိသည့် အဆောက်အအုံများကို အန္တရာယ်ကင်းစွာသုံးစွဲနိုင်မှုကို ဆန်းစစ်ခြင်း၊ ပြင်ဆင်ဆောက်လုပ် ခြင်းများကို ဆောင်ရွက်မည်ဖြစ်၍ ဝိုင်းဝန်းပူးပေါင်းကူညီပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။

အာဆီယံနိုင်ငံများက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ကြုံတွေ့ခဲ့ရသည့် ငလျင်ဘေးသင့် ပြည်သူများအပေါ် များစွာစာနာ၊ စိတ်မကောင်းဖြစ်ရကြောင်းနှင့် အရေးပေါ်အခြေအနေကြုံတွေ့ နေရသည့်အချိန်တွင် အာဆီယံအနေဖြင့် စည်းလုံးညီညွတ်မှု မြှင့်တင်ကြရန်နှင့် လူသားချင်းစာနာ မှုအကူအညီများ၊ ပံ့ပိုးမှုများနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

********************************

Deputy Prime Minister and Union Minister for Foreign Affairs virtually attended the Special Emergency Meeting of ASEAN Foreign Ministers in the aftermath of the Earthquake in Myanmar

(30-3-2025,Nay Pyi Taw)

The Deputy Prime Minister and Union Minister for Foreign Affairs, H.E. U Than Swe attended the Special Emergency Meeting of the ASEAN Foreign Ministers in the aftermath of the Earthquake in Myanmar held via video conference on 30th March 2025 at 0830 hrs. The Meeting was convened to coordinate the humanitarian assistance, and relief and recovery operations in the affected areas in Myanmar and Thailand in the aftermath of devastating earthquake.

At the Meeting, the Deputy Prime Minister and Union Minister expressed appreciation to those who have provided the support to the earthquake relief and rehabilitation efforts. He continued to brief the Meeting that on the State Administration Council’s efforts for earthquake relief and rehabilitation of affected victims as soon as after the State of Emergency declared on 28 March 2025 to ease the impact of earthquake. At present, the Government has been providing the humanitarian aids, including food and non-food items, water and temporary shelters to the affected areas and prioritized the restoration of the transportation system and electricity.

The Deputy Prime Minister and the Union Minister stated that urgent supports are needed in areas of search and rescue, temporary shelters and emergency health services following the major earthquake and related tremors occurred more than 17 times. Further assistance may be needed to make security assessment of the standing buildings and reconstruction of the building and infrastructure.

He also expressed readiness to facilitate the transportation of the relief items to the affected people, and called for further assistance.

The ASEAN Member States expressed condolences to the victims of earthquake in Myanmar and Thailand, highlighted the importance to strengthen ASEAN solidarity in times of emergency, and expressed readiness to coordinate humanitarian assistance, support and facilitate the relief and recovery operations.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map