မြန်မာနိုင်ငံနှင့် စီချွမ်းပြည်နယ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန် လွှာများ လက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေး

(၁၄-၈-၂၀၂၅ ရက်၊ ချန်ဒူး)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ရှိ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် စီချွမ်း ပြည်နယ် နိုင်ငံခြားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Ma Cong အား ၁၄-၈-၂၀၂၅ ရက်တွင် ချန်ဒူးမြို့ရှိ စီချွမ်းပြည်နယ် နိုင်ငံခြားရေးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် စီချွမ်းပြည်နယ်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ နှစ်ဖက်အကြား ခရီးသွား လုပ်ငန်း၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံနိုင်ရေးအတွက် ကိုဗစ်ကာလတွင် ရပ်ဆိုင်းထားခဲ့သည့် ချန်ဒူး-ရန်ကုန် ခရီးသည်တင် လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရေး၊ စီချွမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအကြား စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးအတွက် နှစ်ဖက်အကြား ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ထောင်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဆောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေး စသည့်ကိစ္စရပ်များ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Myanmar Consul General, Sichuan Foreign Affairs Office Discuss Bilateral Cooperation

(14-8-2025, Chengdu)

Consul-General of the Republic of the Union of Myanmar, U Kyaw Zay Yar Lin, met with Mr. Ma Cong, Deputy Director-General of the Foreign Affairs Office of Sichuan Province, at the Office in Chengdu on 14 August 2025.
During the meeting, the two sides discussed ways to further enhance economic and trade cooperation between Myanmar and Sichuan Province, as well as to resume the Chengdu–Yangon passenger flight routes, which had been suspended during the COVID period, in order to boost tourism, cultural exchanges, and people-to-people contacts. They also exchanged views on expediting the signing of a Memorandum of Understanding on the establishment of friendly and cooperative relations between Sichuan Province and the Mandalay Region, with the aim of strengthening cooperation in areas such as economy, trade, infrastructure development, agriculture, health, and education.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map