မြန်မာနိုင်ငံငလျင်ဘေးအတွက် ချုံချင့်မြူနီစီပယ်အစိုးရမှ အလှူငွေနှင့်အလှူပစ္စည်းများ ပေးအပ် လှူဒါန်း (၁၁-၄-၂၀၂၅၊ ချုံချင့်)

(၁၁-၄-၂၀၂၅၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြူနီ စီပယ်အစိုးရမှ မြန်မာနိုင်ငံအတွင်း ၂၈-၃-၂၀၂၅ ရက်က ဖြစ်ပွားခဲ့သည့် အင်အား ၇.၇ အဆင့်ရှိ ပြင်းထန်သော မြေငလျင်ကြောင့် အသက်ဆုံးရှုံးမှုများနှင့် လူနေအိမ်များ၊ ရုံးအဆောက် အဦများ၊ လမ်းတံတားများ ထိခိုက်ပျက်စီးခဲ့ရမှုအတွက် လှူဒါန်းသည့် အလှူငွေယွမ် ၂၅၀,၀၀၀/-နှင့် ချုံချင့်မြူနီစီပယ်မြို့ရှိ အစိုးရဌာနများ၊ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များမှ လှူဒါန်းသည့် ယွမ် ၁.၂၄၅ သန်း တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီ အလှူပစ္စည်းများအား ၁၁−၄−၂၀၂၅ရက်တွင် လက်ခံခဲ့ပြီး ချုံချင့်မြူနီစီပယ်အစိုးရနှင့် အလှူရှင်များအား ကျေးဇူးတင် စကား ပြောကြားခဲ့ပါသည်။ အဆိုပါလှူဒါန်းငွေအား မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေစာရင်းသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်းနှင့် လှူဒါန်းပစ္စည်းများအား ချုံချင့်မြူနီစီပယ်အစိုးရအစီအစဉ်ဖြင့် ကုန်းလမ်း−ပင်လယ်ရေကြောင်း ပေါင်းစပ်ကုန်သွယ်မှုစင်္ကြံ လမ်းကြောင်းမှတဆင့် မြန်မာနိုင်ငံသို့ ပေးပို့သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

***************

Chongqing Municipal Government, People’s Republic of China Donates Humanitarian Aid to Myanmar following earthquake

(11-4-2025, Chongqing)

Consul General of the Consulate General of Myanmar received a donation of RMB 250,000 from the Chongqing Municipal Government, People’s Republic of China, along with an additional 1.245 million Yuan contributed by various government departments, businesses, and individuals in Chongqing Municipality on April 11, 2025. These donations are in response to the loss of life and damage to homes, office buildings, roads, and bridges caused by the 7.7-magnitude earthquake that struck Myanmar on March 28, 2025. The donated funds will be transferred to the Natural Disaster Management Fund. The Chongqing Municipal Government has arranged for the donation materials to be sent to Myanmar through the International New Land and Sea Corridor.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map