မြန်မာကောင်စစ်ဝန်ချုပ် ၂၀၂၅ ခုနှစ် စီချွမ်း တောင်အာရှနှင့် အ‌ရှေ့တောင်အာရှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးညီလာခံသို့ တက်ရောက်

(၁၀-၉-၂၀၂၅၊ ချန်ဒူး)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၁၀-၉-၂၀၂၅ ရက်တွင် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့ရှိ Jin Jaing Hotel တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ် စီချွမ်း တောင်အာရှနှင့် အ‌ရှေ့တောင်အာရှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ညီလာခံသို့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် စီချွမ်းပြည်နယ်ကော်မတီ ဒုတိယဥက္ကဌ Mr. Lin Shucheng နှင့် စီချွမ်းပြည်နယ်အစိုးရတာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင် ဧည့်သည်အဖြစ် သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့် စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Chathuranga Abeysinghe၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ် များနှင့် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် နိုင်ငံတကာမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါကွန်ဖရင့်ကို စီချွမ်းပြည်နယ်နှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည့် အဆင့်မြင့်ဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ထောင်ရန်၊ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များတွင် ပိုမိုကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ သမားရိုးကျ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ဒီဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် စီးပွားရေး၊ ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ အပြန်အလှန်ချိတ်ဆက်နိုင်သည့် ဒေသဆိုင်ရာ စီးပွားရေးအသွင်သို့ မြှင့်တင်ဖော်ဆောင်ရေးအတွက် အလေးထားဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

Myanmar Consul-General in Chongqing attends the 2025 Sichuan–South Asia and Southeast Asia Business Development Cooperation Conference

(10-9-2025, Chengdu)

Consul General of the Consulate General of the Republic of the Union of Myanmar in Chongqing, U Kyaw Zay Yar Lin, attended the 2025 Sichuan–South Asia and Southeast Asia Business Development Cooperation Conference held at Jin Jiang Hotel, Chengdu City, Sichuan Province, on 10 September 2025. The conference was also attended by Mr. Lin Shucheng, Vice Chairman of the Chinese People’s Political Consultative Conference Sichuan Provincial Committee, officials of the Sichuan Provincial Government, Guest of Honor Mr. Chathuranga Abeysinghe, Deputy Minister of the Ministry of Industry and Entrepreneurship Development of Sri Lanka, Consul Generals and representatives from the Consulate General’ Offices based in Chongqing and Chengdu, as well as invited international guests.
The conference was held with the objectives of establishing a high-level communication network to strengthen cooperation between Sichuan Province and South Asian and Southeast Asian countries, and of enhancing collaboration in industrial and supply chains. It focused on advancing traditional trade and investment cooperation towards a regional economy that integrates the digital economy, green economy, and interconnected production and supply chains.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map