မြန်မာကောင်စစ်ဝန်ချုပ်က စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့ နိုင်ငံခြားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် အား သွားရောက်တွေ့ဆုံ

(၁၃-၈-၂၀၂၅ ရက်၊ ချန်ဒူး)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ရှိ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် စီချွမ်း ပြည်နယ်၊ ချန်ဒူးမြို့ နိုင်ငံခြားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Jiang Bin အား ၁၃-၈-၂၀၂၅ ရက်တွင် ချန်ဒူးမြို့ရှိ နိုင်ငံခြားရေးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ချန်ဒူးမြို့အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ မြှင့်တင်နိုင်ရေး၊ ရန်ကုန်မြို့နှင့် ချန်ဒူးမြို့အကြား ချစ်ကြည်ရေးညီအစ်မမြို့ တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး၊ ချစ်ကြည်ရေးညီအစ်မမြို့ တည်ထောင်ပြီးနောက် ပညာရေးနှင့် ယဉ်ကျေးမှု ကဏ္ဍများတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံမှ အစိုးရဝန်ထမ်း များ၊ ကျောင်းသား/ ကျောင်းသူများအား ချန်ဒူးမြို့ရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရေး အတွက် ပညာသင်ဆုများ ပံ့ပိုးပေးနိုင်ရေး စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Consul General U Kyaw Zay Yar Lin meets with Director General of Foreign Affairs Office of Chengdu

(13-8-2025, Chengdu)

Consul-General of the Consulate General of the Republic of the Union of Myanmar, U Kyaw Zay Yar Lin met with Mr. Jiang Bin, Director-General of Foreign Affairs Office of Chengdu, Sichuan Provincial Government, at the Chengdu Foreign Affairs Office on 13 August 2025.
During the meeting, they exchanged views on issues including: further promoting cooperation in the economic, cultural and tourism sectors between Myanmar and Chengdu; signing a memorandum of understanding on the establishment of a sister-city relationship between Yangon and Chengdu; enhancing cooperation in education and culture between the two sides after the establishment of the sister-city relationship; and providing scholarships for government officials and students from Myanmar to study at universities in Chengdu.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map