မြန်မာကောင်စစ်ဝန်ချုပ်က တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (China Council for Promotion of International Trade_ CCPIT Chongqing Committee) မှ ဒုတိယဥက္ကဋ္ဌနှင့်တွေ့ဆုံ
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို့ တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (China Council for Promotion of International Trade_ CCPIT Chongqing Committee) မှ ဒုတိယဥက္ကဋ္ဌ Mr. Yang Xuchoa အား ၁၂-၈-၂၀၂၅ ရက်တွင် ချုံချင့်မြို့ရှိ CCPIT ရုံးခန်းတွင် သွားရောက်တွေ့ဆုံ ခဲ့ပါသည်။
ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် ချုံချင့်နှင့် မြန်မာအကြား စီးပွားရေးနှင့် ကုန်သွယ်မှု ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ CCPIT Chongqing Committee မှ ဦးဆောင်ကျင်းပသည့် ကုန်စည် ပြပွဲများတွင် မြန်မာနိုင်ငံမှ ကုန်ပစ္စည်များ ပါဝင်ပြသနိုင်ရေး၊ ယင်းကုန်စည်ပြပွဲ များအတွင်း မြန်မာအမျိုးသားယဉ်ကျေးမှု မြှင့်တင်ရေးအစီစဉ်များ ထည့်သွင်းကျင်းပနိုင်ရေး၊ မကြာမီကာလတွင် CCPIT Chongqing Committee နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MWANWEN) အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုဖလှယ်ပွဲနှင့် ကုန်ပစ္စည်း မိတ်ဆက်ပွဲကျင်းပနိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။
Consul General U Kyaw Zay Yar Lin meets with Vice Chairman of the China Council for Promotion of International Trade_ CCPIT Chongqing Committee
(12-8-2025, Chongqing)
Consul General of the Consulate-General of the Republic of the Union of Myanmar in Chongqing, U Kyaw Zayar Lin met with Mr. Yang Xuchoa, Vice Chairman of the China Council for Promotion of International Trade (CCPIT Chongqing Committee) on 12 August 2025 at the CCPIT office in Chongqing.
During the meeting, both sides discussed ways to further enhance trade and economic cooperation between Chongqing and Myanmar, participation of Myanmar products in trade fairs organized by the CCPIT Chongqing Committee, including the programs to promote Myanmar’s national culture within such trade fairs, and holding a business matchmaking meeting and product promotion event between the CCPIT Chongqing Committee and the Myanmar Women Entrepreneurs Network in the near future.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



