မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ဗီယက်နမ်ကောင်စစ်ဝန်ချုပ်အား လက်ခံ တွေ့ဆုံခဲ့ခြင်း
(၁၆-၆-၂၀၂၅၊ ချုံချင့်)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြို့တွင် ကောင်စစ်ဝန်ချုပ်ရုံး စတင်ဖွင့်လှစ်ရန် ပြောင်းရွှေ့ရောက်ရှိလာသည့် ဗီယက်နမ် နိုင်ငံကောင်စစ်ဝန်ချုပ် Mr. Bui Nguyen Long အား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက် (၁၀:၃၀) နာရီအချိန်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်နှစ်ဦးသည် ချုံချင့်မြို့တွင် ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်မှုဆိုင်ရာ အတွေ့အကြုံများ၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုခိုင်မာစေရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



