မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနား ကျင်းပ (၂၃-၂-၂၀၂၅ ရက်၊ ချုံချင့်)

(၂၃-၂-၂၀၂၅ ရက်၊ ချုံချင့်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် ဧည့်ခံပွဲအခမ်းအနားကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ညနေ ၁၉း၀၀ နာရီမှ ၂၁း၀၀ နာရီအထိ ချုံချင့်မြို့၊ InterContinental Hotel၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ချုံချင့်မြူနီစီပယ်ပြည်သူ့ကွန်ဂရက်ဒုတိယဥက္ကဋ္ဌ Mr.Zhao Shiqing မှ အဓိကဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ချုံချင့်မြို့ ယွီကျုံးခရိုင်အစိုးရ ဒုတိယ မြို့တော်ဝန် Mr. Lou Yi ၊ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရာဌာန၊ စီးပွားရေးရာကော်မရှင်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကော်မရှင်၊ ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာနများမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေး ချုံချင့်ကောင်စီ (CCPIT Chongqing Council) နှင့် စစ်ချွမ်းကောင်စီ (CCPIT Sichuan Council) တို့မှ ဒုတိယ ဥက္ကဋ္ဌများ၊ ချုံချင့်မြို့နှင့် ချန်သူးမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ နှင့် သံတမန်များ၊ ချုံချင့်မြို့နှင့် စစ်ချွမ်းပြည်နယ် နိုင်ငံခြားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ချုံချင့်မြို့ရှိ တက္ကသိုလ်များမှ ပါမောက္ခများ၊ ချုံချင့်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ချုံချင့်မြို့တွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့၏ နိုင်ငံတော်သီချင်းများဖွင့်လှစ်၍ နှစ်နိုင်ငံအလံကို ပထမဦးစွာ အလေးပြုခဲ့ကြပါသည်။ ထို့နောက် ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အခမ်းအနားမိန့်ခွန်းပြာကြားခဲ့ပြီး၊ ဆက်လက်၍ ချုံချင့်မြူနီစီပယ် ပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ Mr.Zhao Shiqing က ဂုဏ်ပြုမိန့်ခွန်း ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ချုံချင့်တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် မြန်မာကျောင်းသားကျောင်းသူများက မြန်မာ့ရိုးရာ ယဉ်ကျေးမှု‌ဖျော်ဖြေရေး အစီအစဉ်များအဖြစ် မြန်မာတိုင်းရင်းသားအက၊ မြန်မာဓားသိုင်းအက၊ ဦးရွှေရိုးနှင့်ဒေါ်မိုးအကနှင့် မြန်မာသင်္ကြန်အကများဖြင့်ဖျော်ဖြေခဲ့ကြပြီး၊ မြန်မာ-တရုတ် ချစ်ကြည် ရေးအစီအစဉ်အဖြစ် “Peng You” တရုတ်သီချင်းအား ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် အဓိကဧည့်သည်တော် Mr.Zhao Shiqing တို့နှင့်အတူ တက်ရောက်လာသည့် ဧည့်သည်တော်များ မှ သီဆိုခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား မြန်မာ့ရိုးရာ အစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ အုန်းထမင်း၊ လက်ဖက်သုပ်၊ မြန်မာဘီယာ၊ မြန်မာလက်ဖက် ရည် အပါအဝင် အခြားစားသောက် ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် မြန်မာ့ထုတ်ကုန်များ၊ မြန်မာ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MWANWEN) မှ ပံ့ပိုးပေးသည့် MSME ထုတ်ကုန် ပစ္စည်းများအား မိတ်ဆက်ပြသခဲ့ပါသည်။

**************************

Myanmar Consulate in Chongqing hosts a reception for the 77th Anniversary of the Independence Day of the Republic of the Union of Myanmar

(23-2-2025, Chongqing)

The Consulate General of the Republic of the Union of Myanmar in Chongqing hosted a reception to commemorate the 77th Anniversary of the Independence Day of the Republic of the Union of Myanmar on 21 February 2025 from 19:00 hrs to 21:00 hrs at InterContinental Hotel in Chongqing.
The ceremony was attended by Mr. Zhao Shiqing, Vice Chairman of the Chongqing Municipal People’s Congress, as the Guest of Honour, and Mr. Lou Yi, Vice Mayor of Yuzhong District, Chongqing. Also present were Deputy Directors-General from the Foreign Affairs Department, Chongqing Municipal Commerce Commission, Chongqing Municipal Commission of Culture and Tourism Development, and the Port and Logistics Office of the Chongqing Municipal People’s Government, along with the Vice Presidents of the CCPIT Chongqing and Sichuan Councils, Consul Generals and diplomats from Consulates General in Chongqing and Chengdu, officials from the Foreign Affairs Departments of Chongqing Municipality and Sichuan Province, professors from the universities, Myanmar Scholars, and other invited guests, with around 200 guests in attendance.
The Ceremony commenced with the national anthems of the Republic of Myanmar and the People’s Republic of China, followed by a flag salute to honour both nations. Afterwards, Consul General Mr. Kyaw Zay Yar Lin delivered a speech marking the 77th Independence Day and Mr. Zhao Shiqing delivered a congratulatory remark respectively. Following the ceremony, Myanmar students from Chongqing University showcased traditional Myanmar cultural performances, including Myanmar ethnic dance, the Myanmar sword dance, U Shwe Yoe and Daw Moe Dance, and Thingyan dance. As part of the Myanmar-Chinese friendship program, the Chinese song “Peng You” was performed by the attendees, joined by Consul General Mr. Kyaw Zay Yar Lin and the Guest of Honour, Mr. Zhao Shiqing. The ceremony concluded with a reception featuring Myanmar dishes, such as Mont-Hin-Gar, coconut rice, tea leave salad (La-phat-thote), Myanmar beer, and Myanmar tea, and other delicacies for the guests. Additionally, Myanmar products were presented by Myanmar Economic Holdings Limited and Myanmar Economic Cooperation as well as MSME products of Myanmar Women Entrepreneurs Network (MYANWEN).

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map