မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် စိန်နားပန်မီးပုံးပျံလွှတ်တင် ပူဇော်ခြင်းပြိုင်ပွဲ တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက စက္ခုပသာဒအကောင်းဆုံးဆုကိုရရှိခဲ့ခြင်း
၁။ ၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်မီးထွန်းပွဲတော် စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် မှ ၄ ရက်အထိ (၃) ရက်ကြာ ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကလည်း စိန်နားပန်မီးပုံးပျံဖြင့် အင်တိုက်အားတိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
၂။ အဆိုပါစိန်နားပန်မီးပုံးပျံပြိုင်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လွှတ်တင်ပူဇော်သည့် သားကောင်းတမန်တို့၏စွမ်းအားသည် တိုင်းပြည်အတွက် အားမာန်တစ်ရပ်ဖြစ်သည်ကို ဖော်ကျူး ပုံဖော်ထားသည့် “သားကောင်းတမန်ပြည့်အားမာန်” စိန်နားပန်မီးပုံးပျံသည် “စက္ခုပသာဒ အကောင်းဆုံးဆု” ကိုဆွတ်ခူးရရှိခဲ့ပါသည်။ စက္ခုပသာဒအကောင်းဆုံးဆုကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဆုလက်ခံရယူခဲ့ပြီး ဆုလက်ခံရယူစဉ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများက အိုးစည်ဒိုးပတ်အကများဖြင့် ဂုဏ်ယူဝင့်ကြွားစွာ မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုတီးမှုတ်ကခုန်ခဲ့ကြပါသည်။
၃။ အဆိုပါ စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲသို့ ဝန်ကြီးဌာန (၁၄) ခုမှ ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



