ပြည်ပရောက် မြန်မာနိုင်ငံသားများ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင် ရေး ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် မဲရုံဖွင့်လှစ်ဆောင်ရွက်

(၃-၁၂-၂၀၂၅ ရက်၊ ချုံချင့်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို့၊ စီချွမ်းပြည်နယ်နှင့် ဟူပေပြည်နယ်များသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့တွင် ၃-၁၂-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) (နံနက် ၀၉: ၃၀ အချိန်မှ ၁၇: ၃၀ အချိန်အထိ) မဲရုံ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ချုံချင့်မြို့၊ စီချွမ်းပြည်နယ် ချန်ဒူးမြို့နှင့် ဟူပေပြည်နယ် ဝူဟန်မြို့တို့တွင် ရောက်ရှိနေကြသည့် မဲဆန္ဒရှင် မြန်မာနိုင်ငံ သားများ လာရောက်၍ ဆန္ဒမဲပေးခဲ့ကြပါသည်။
ကြိုတင်မဲဆန္ဒပေးခြင်းအား မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့တွင် ၃-၁၂-၂၀၂၅ ရက်မှ ၄-၁၂-၂၀၂၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

***********************

Advance Voting for the 2025 General Election by Myanmar Citizens Residing Abroad Conducted at the Consulate General of Myanmar in Chongqing

(3-12-2025, Chongqing)

To enable Myanmar citizens residing in Chongqing Municipality, Sichuan Province, and Hubei Province of the People’s Republic of China to cast their advance votes for the 2025 General Election of the Republic of the Union of Myanmar, an advance polling station was opened at the Consulate General of Myanmar in Chongqing on 3 December 2025 (Wednesday) from 09:30 to 17:30.
Myanmar citizens eligible to vote and currently residing in Chongqing Municipality, Chengdu City of Sichuan Province, and Wuhan City of Hubei Province came to the polling station and cast their advance ballots.
Advance voting will continue to be conducted at the Consulate General of Myanmar in Chongqing from 3 to 4 December 2025.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map