ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅) ဖြန့်ဝေခြင်း
၂၁-၈-၂၀၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၈-၁၂-၂၀၂၅ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၁-၈-၂၀၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည့်ကြေညာချက်အမှတ် (၆၂/၂၀၂၅)အရ ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅) ကို ဖြန့်ဝေအပ်ပါသည်။
ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက် ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာသံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက်မှာ ၂၁-၈-၂၀၂၅ ရက်မှ ၈-၉-၂၀၂၅ ရက်အထိ ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။
ပုံစံ (၁၅) ဖြည့်သွင်းပြီးပါက မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့၏ အောက်ပါ email လိပ်စာသို့ပေးပို့နိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်-
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



