ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံခြားရေးဝန်ကြီးများအား သီးခြားစီတွေ့ဆုံ
(၁၆-၈-၂၀၂၅ ရက်၊ အန်းနင်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အန်းနင်မြို့၌ (၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးသို့ တက်ရောက်သည့်ကာလအတွင်း ကမ္ဘောဒီး ယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး မစ္စတာပရက်ဆုတ်ခ်ခွန်းနှင့် ၁၄-၈-၂၀၂၅ ရက် ညနေပိုင်းတွင်လည်းကောင်း၊ လာအို နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး နှင့် ၁၅-၈-၂၀၂၅ ရက် မွန်းလွဲပိုင်းတွင် လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံမှုများအတွင်း သက်ဆိုင်ရာနိုင်ငံများနှင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးကိစ္စများ၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါ သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အန်းနင်မြို့၌ ကျင်းပခဲ့သည့် (၁၀) ကြိမ် မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် ၁၆-၈-၂၀၂၅ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်။
Union Minister for Foreign Affairs meets with Foreign Ministers of Cambodia and Laos
(16-8-2025, Anning)
During the visit to Anning, China to attend 10th Mekong-Lancang Cooperation Foreign Ministers’ Meeting and related meeting, U Than Swe, Union Minister for Foreign Affairs of Myanmar held meetings with Mr. Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of Cambodia in the evening on 14 August 2025 and Mr. Thongsavanh Phomvihane, Minister of Foreign Affairs of the Lao PDR in the afternoon on 15 August 2025, separately.
During respective meetings, both sides discussed matters relating to further consolidation of existing friendship and promotion of bilateral cooperation.
The Myanmar delegation led by Union Minister for Foreign Affairs U Than Swe arrived back from Anning, China in the afternoon of 16 August 2025 after attending the 10th Mekong-Lancang Cooperation Foreign Ministers’ Meeting.
Ministry of Foreign Affairs,
Dated: 16 August 2025.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



