နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင် ရူဇန်ကော့ဗ်တို့အကြား တွေ့ဆုံဆွေးနွေး
(၃၀-၁၁-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင် ရူဇန်ကော့ဗ်တို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် ၁၅၀၀ နာရီတွင် နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ တွေ့ဆုံခဲ့ ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်သွားရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ လက်ရှိအချိန်တွင် နှစ်နိုင်ငံအကြား ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာသည်နှင့်အမျှ ရလဒ်ကောင်းများ ထွက်ပေါ်နေသည့် အခြေအနေများကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွား နိုင်ရေးအတွက် ပိုမိုနီးကပ်စွာ လက်တွဲဖော်ဆောင်သွားရေးတို့ကို ဆွေးနွေးခဲ့ပါသည်။
*************************
Union Minister H.E. U Than Swe and Belarusian Foreign Minister H.E. Mr. Maxim Ryzhenkov discusses further enhancement of bilateral relations and cooperation
(30-11-2025, Nay Pyi Taw)
H.E. U Than Swe, Union Minister for Foreign Affairs met with H.E. Mr. Maxim Ryzhenkov, Minister of Foreign Affairs of Belarus at Jasmine Naypyitaw Hotel on 27 November 2025 at 1500 hrs.
The two Foreign Ministers discussed further enhancement of bilateral relations and cooperation particularly the relations between two Foreign Ministries. They cordially exchanged views on increasing cooperation in various sectors, resulting tangible progress. Both sides reaffirmed their commitment to work closely to further expand the areas of cooperation for the benefit of the two countries.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



