နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဦးဆောင်၍ နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ကို Video Conferencing စနစ်ဖြင့် ညှိနှိုင်းဆွေးနွေး

(၂၉-၈-၂၀၂၅ ရက်၊ နေပြည်တော်)

၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ဦးဆောင်လျက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အမြဲတမ်းအတွင်းဝန် ဦးရဲရင့်လွင်၊ ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ သံရုံးအကြီးအကဲများ၊ သံရုံးယာယီ တာဝန်ခံများ၊ ကောင်စစ်ဝန်ချုပ်များ အပါအဝင် တာဝန်ရှိသူများ တက်ရောက်သည့် “ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများ ကြိုတင်ဆန္ဒ မဲပေးခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်” နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၉-၈-၂၀၂၅ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် နိုင်ငံခြား ရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map