နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်အား လက်ခံတွေ့ဆုံ
(၂၈-၇-၂၀၂၅၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ ၁၇၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍများတွင် နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ခိုင်မာစေရေးအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါ သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်နိမိတ်ရေးရာကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
Deputy Minister for Foreign Affairs H.E. U Lwin Oo receives Ambassador of India H.E. Mr. Abhay Thakur
(28-7-2025, Nay Pyi Taw)
Deputy Minister for Foreign Affairs H.E. U Lwin Oo received Ambassador of India to Myanmar H.E. Mr. Abhay Thakur at the Ministry of Foreign Affairs in Nay Pyi Taw on 28 July 2025 at 1700 hrs.
During the meeting, they cordially discussed strengthening cooperation, particularly in the fields of culture, business and education based on mutual interests. They also exchanged views on boundary-related matters between Myanmar and India.
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



