နိုင်ငံခြားရေးဝန်ကြီးဌာနမိသားစု၏ (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပ
(၁၁-၇-၂၀၂၅၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနမိသားစု၏ (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၁၁-၇-၂၀၂၅ ရက် (သောကြာနေ့)၊ နံနက် (၁၀) နာရီအချိန်တွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့်ဇနီး၊ သံအမတ်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဇနီးများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ပျဉ်းမနားမြို့၊ ရတနာမှန်ကျောင်းဆရာတော်သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်နှင့်ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ် လှူဒါန်းခဲ့ ကြပါသည်။ ဆက်လက်၍ ရတနာမှန်ကျောင်းဆရာတော်ထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေကြကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် ဆရာတော်ဘဒ္ဒန္တဝိလာသနှင့်သံဃာတော်အရှင်သူမြတ်တို့အား အခမ်းအနား တက်ရောက်လာကြသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရှိရပါသည်။
Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887



