နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီးများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ

(၄-၆-၂၀၂၅ ရက်၊နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ၄-၆-၂၀၂၅ ရက်၊ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀:၃0) နာရီ အချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ လောကနတ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ တက်ရောက်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ နှင့် ဝန်ထမ်း သား/သမီးများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး(၁) ဦးလွင်ဦး၊ ဒုတိယဝန်ကြီး (၂) ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များက ၂၀၂၅-၂၀၂၆ ပညာသင် နှစ်တွင် အခြေခံပညာမူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်အထိ တက်ရောက်ပညာ သင်ကြားလျက်ရှိသော ကျောင်းသား/သူ စုစုပေါင်း (၂၄၁) ဦးအတွက် ပညာသင်ထောက်ပံ့ ကြေးများ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map