
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံ အမတ်ကြီး H.E. Mr. Iskander Azizov ကို လက်ခံတွေ့ဆုံ
(၂၈-၅-၂၀၂၅၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov အား ၂၈-၅-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) နေ့လယ် ၁၄၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၇ ခုနှစ်အတွက် အာဆီယံ-ရုရှား ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူစဉ်အတွင်း အာဆီယံ-ရုရှား မဟာဗျူ ဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနှင့် ရုရှား နှစ်နိုင်ငံဆက်ဆံရေးအောက်မှ ဆောင်ရွက်နေသည့် စီမံကိန်းများ၏ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။
*********
H.E. U Ko Ko Kyaw, Deputy Minister for Foreign Affairs received H.E. Mr. Iskander Azizvov, Ambassador Extraordinary and Plenipotentiary of the Russian Federation to Myanmar
(28-5-2025 , Nay Pyi Taw)
H.E. U Ko Ko Kyaw, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar received H.E. Mr. Iskander Azizvov, Ambassador Extraordinary and Plenipotentiary of the Russian Federation to Myanmar, at 14:00 hrs on 28 May 2025 at the Ministry of Foreign Affairs, Nay Pyi Taw.
During the Meeting, both sides cordially exchanged views on matters related to promotion of ASEAN-Russia Strategic Dialogue partnership under the coordinatorship of Myanmar from 2024 to 2027 and the developments of the projects implementing under the framework of Myanmar-Russia bilateral relations.

Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887