
ဒုတိယအကြိမ်မြောက် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ ထိပ်သီး အစည်းအဝေးနှင့် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်မှုကောင်စီ-တရုတ် ထိပ်သီးအစည်း အဝေးတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်
(၂၇-၅-၂၀၂၅ ရက်၊ ကွာလာလမ်ပူ)
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၇-၅-၂၀၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယ အကြိမ်မြောက် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ ထိပ်သီးအစည်းအဝေး နှင့် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ-တရုတ် ထိပ်သီးအစည်းအဝေးတို့ သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ပင်လယ်ကွေ့ပူးပေါင်း ဆောင်ရွက်မှု ကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ပင်လယ် ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီအတွင်းရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး တီမောလက်စ်တေနိုင်ငံ၊ ဝန်ကြီးချုပ်က လေ့လာသူနိုင်ငံအဖြစ် ပါဝင် တက်ရောက်ခဲ့သည်။
ဒုတိယအကြိမ်မြောက် အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ထိပ်သီးအစည်းအဝေး၌ အာဆီယံနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ လုပ်ငန်း ဆောင်ရွက်မှု မူဘောင်(၂၀၂၄-၂၀၂၈) အကောင်အထည်ဖော်မှုများကို ပြန်လည်သုံးသပ်၍ လွတ်လပ်စွာ ကုန်သွယ်ရေး၊ စားသောက်ကုန်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး၊ ယဉ်ကျေးမှုနှင့် ဒစ်ဂျစ်တယ် ပေါင်းစပ်ဆက်သွယ်မှု မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ အာဆီယံ-ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ-တရုတ် ထိပ်သီးအစည်းအဝေးကို “Synergising Economic Opportunities towards Shared Prosperity” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး၊ အရှေ့တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပေါင်းစပ်ဆက်သွယ်မှု၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍတို့ မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။
****************************
Permanent Secretary of the Ministry of Foreign Affairs attends the 2nd ASEAN-Gulf Cooperation Council Summit, the ASEAN-Gulf Cooperation Council-China Summit
(27-5-2025, Kuala Lumpur)
Myanmar Delegation led by Permanent Secretary of the Ministry of Foreign Affairs of the Republic of the Union of Myanmar participated in the 2nd ASEAN-GCC Summit and the ASEAN-GCC-China Summit held at the Kuala Lumpur Convention Centre in Kuala Lumpur, Malaysia on 27th May 2025.
Heads of State/Heads of Government from ASEAN Member States, GCC Member States, ASEAN Foreign Ministers, Secretaries-General of ASEAN and GCC, and Senior Officials participated in the said Meetings, and Prime Minister of Timor-Leste also attended as an observer.
At the 2nd ASEAN-GCC Summit, the leaders reviewed the progress of implementation of the ASEAN-GCC Framework of Cooperation (2024-2028) and exchanged views to expand cooperation in the areas of free trade, education, sustainable development, and cultural and digital connectivity.
At the ASEAN-GCC-China Summit which was held with the theme “Synergising Economic Opportunities towards Shared Prosperity”, the leaders explored the opportunities to strengthen trade and investment relations, connectivity, agriculture, food security and energy to bind the regions with stronger friendship and cooperation.



Contact Us
Address
2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.
Phone
(86) (023) 86562808, 86562779
Fax
(86)(023)86562887