ဒုတိယဝန်ကြီး ဦးလွင်ဦးက နိပွန်ဖောင်ဒေးရှင်းအလုပ်အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာ ယူဂျီမိုရီကို လက်ခံတွေ့ဆုံ(၉-၅-၂၀၂၅ ရက်၊ နေပြည်တော်)

(၉-၅-၂၀၂၅ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလွင်ဦးက နိပွန်ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာယူဂျီမိုရီကို ၉-၅-၂၀၂၅ ရက်၊ နံနက် ၁၁၁၅ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မစ္စတာယူဂျီမိုရီက ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီး ဆုံးရှုံးခဲ့ကြရသည့် မိသားစုများနှင့်အသိုက်အဝန်းများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့ပြီး နိပွန်ဖောင်ဒေးရှင်းမှ ငလျင်ဒဏ်ထိခိုက်ခံစားရသည့်ဒေသများအတွက် အစားအသောက်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများအပါအဝင် အမေရိကန်ဒေါ်လာ(၃)သန်း တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများကို လူမှုဝန်ထမ်း  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မှဒေသအချို့နှင့် နေပြည်တော်ရှိငလျင်ဘေးဒဏ် သင့်ပြည်သူများ သို့ ပေးအပ်ရန်စီစဉ်လျက်ရှိမှုကို ရှင်းလင်း ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက နိပွန်ဖောင်ဒေးရှင်းမှ ပေးအပ်လျက်ရှိသည့် အကူအညီများနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ငလျင်ဒဏ်ကယ်ဆယ်ရေးလုပ်ငန်းများ အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအနေအထားနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံတကာအကူအညီများ လိုအပ်လျက်ရှိမှုနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးပြောကြားခဲ့သည်။

************************

U Lwin Oo, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar receives Mr. Yuji Mori , Executive Director of the Nippon Foundation

(9-5-2025, Nay Pyi Taw)

U Lwin Oo, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar received Mr. Yuji Mori, Executive Director of the Nippon Foundation at 1115 hours on 9 May 2025 at the Ministry of Foreign Affairs in Nay Pyi Taw.

During the meeting, Mr. Yuji Mori conveyed his deepest condolences to the bereaved families and communities affected by the recent devastating earthquake. He informed the Deputy Minister that the Nippon Foundation, in collaboration with the Ministry of Social Welfare, Relief and Resettlement, is arranging to provide humanitarian assistance valued at USD 3 million. This assistance will include essential food and medical supplies for the earthquake-affected regions in Sagaing Region, Mandalay Region, Shan State, and Nay Pyi Taw.

The Deputy Minister expressed appreciation for the Foundation’s support and provided an overview of the ongoing post-earthquake rehabilitation efforts. He also highlighted the areas in which further international assistance is needed to support the country’s reconstruction initiatives.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map