ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi အား လက်ခံတွေ့ဆုံ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်

နေပြည်တော်ရှိ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်၊ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ UNHCR က လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များနှင့် မြန်မာနိုင်ငံနှင့် UNHCR အကြား အနာဂါတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြ သည်။

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs receives Ms. Noriko Takagi, UNHCR Representative in Myanmar

29 July 2025

U Than Swe, Deputy Prime Minister and the Union Minister for Foreign Affairs receives Ms. Noriko Takagi, UNHCR Representative in Myanmar, at 14:00 hrs on 29 July 2025, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to UNHCR’s ongoing activities in Myanmar as well as ways and means for further cooperation between the Government of Myanmar and UNHCR.
Also present at the meeting were senior officials of the Ministry of Foreign Affairs.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map