ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Mr. Marcoluigi Corsi အား လက်ခံတွေ့ဆုံ

(၂၈-၅-၂၀၂၅ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် ဖြစ်သူ Mr. Marcoluigi Corsi အား ၂၈-၅-၂၀၂၅ ရက်၊ ၁၁၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် Mr. Marcoluigi Corsi အနေဖြင့် မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း မြန်မာနှင့် ကုလသမဂ္ဂအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ် များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။

******************************

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar receives Mr. Marcoluigi Corsi, United Nations Resident/ Humanitarian Coordinator a.i. and Representative of UNICEF in Myanmar

(28-5-2025, Nay Pyi Taw)

U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar received Mr. Marcoluigi Corsi, United Nations Resident Coordinator/ Humanitarian Coordinator a.i. (UNRC/ HC a.i.) and Representative of the United Nations Children’s Fund (UNICEF) in Myanmar who is about to accomplish his assignment in Myanmar, at 1100 hrs on 28 May 2025, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters relating to cooperation between Myanmar and the United Nations during the tenure of Mr. Marcoluigi Corsi in Myanmar.
Also present at the meeting were senior officials of the Ministry of Foreign Affairs.

Contact Us

Address

2805/2806, World Financial Center, No.188 Minzu Road, Yuzhong District, Chongqing.

Phone

(86) (023) 86562808, 86562779

Fax

(86)(023)86562887

}

Working Hours

9:30 AM to 5:30 PM

Map